1 9

သင့်ကိုတကယ်ချစ်လို့ချဉ်းကပ်တာလားဆိုတာသိရဖို့ ဒီလိုအချက်တွေနဲ့ဆန်းစစ်စို့

သင့်ကို ချဉ်းကပ်ကြတဲ့ သူတွေကို နှစ်မျိုးနှစ်စား ခွဲလို့ ရပါတယ်။ တစ်မျိုးကတော့ သင့်ကို မချစ်ပဲ ရည်းစားအဖြစ် ခဏလာချင်တဲ့သူ ဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ သင့်ကို တကယ်နှစ်သက်လို့ ချစ်သူဖြစ်ခွင့် ရချင်တဲ့သူဆိုပြီး ရှိပါတယ်။ ဒီနှစ်မျိုးက ယေဘုယျအားဖြင့် သူတို့ သုံးတဲ့စကားတွေက တူညီနေတတ်ကြပါတယ်။ ဒါပေမဲ့ သင့်ကို တကယ့်ကို မြတ်နိုးတဲ့သူမှာသာ ရှိတဲ့ အပြုအမူအချို့ကို ဖော်ပြပေးလိုက်ပါမယ်နော်။

(၁) သူ့အချိန်တွေက သင့်အတွက်ပဲ

သူရဲ့ အားလပ်ချိန်မှာ သင်နဲ့ စကားပြောတယ်။ သူက သင့်ကို ပုံမှန် စာပို့တယ်ဆိုရင်က ဒါက အဓိပ္ပာယ်အများကြီး သက်ရောက်ပါတယ်။ သူ့ရဲ့ အားလပ်ချိန်တွေနဲ့ အားလပ်ရက်တွေကို သင့်အပေါ်ပဲ အချိန်ပေးချင်တယ်လို့ ဆိုလိုတာမျိုးပါ။ တစ်နည်းအားဖြင့် ပြောရရင် သင်နဲ့ စကားပြောနေရတာကို သူနှစ်သက်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ကို အပျော်တွဲချင်တဲ့သူတွေလည်း ဒီလိုပဲ လုပ်တတ်ကြပါသေးတယ်။

(၂) သင်နဲ့ အတူရှိဖို့ ကြိုးစားတယ်

သင်နဲ့ date ဖို့ သူ့မှာ စိတ်အားထက်သန်မှု ရှိနေတာကို တွေ့ရမှာပါ။ သင့်ကို အပျော်တွဲဖို့ ကြံတဲ့သူကတော့ သင်နဲ့ အပြင်ထွက်လည်ဖို့ ခွင့်တောင်းတတ်ကြပေမယ့် သူတို့မှာ စိတ်အားထက်သန်မှုတွေ ပါမလာပါဘူး။ သင့်ကို တကယ်ချစ်မြတ်နိုးတဲ့သူကတော့ စိတ်အားထက်သန်စွာနဲ့ သင်နဲ့ အတူရှိနိုင်ဖို့ကို မျှော်လင့်စောင့်ဆိုင်းနေတာကို သင် သိသာစွာ မြင်ရမှာပါ။

(၃) သင့်အကြံဉာဏ်တွေ အယူအဆတွေကို အကူအညီအဖြစ်တောင်းတယ်

တကယ်တော့ သင့်ဆီက အကြံဉာဏ် မယူလည်း ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ အခုလို အကြံဉာဏ်တောင်းတာက သင်က သူရဲ့ ဘဝမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေလို့ပါ။ သင့်ကို တန်ဖိုးထားလို့ သင့်ရဲ့အမြင်ကို တောင်းယူနေတာ ဖြစ်ပါတယ်။ သူ့ဘဝအတွက် သင့်ရဲ့ အသိအမှတ်ပြုစွာ ပါဝင်တဲ့ စကားလေးတစ်ခွန်းဖြစ်ဖြစ် လိုချင်တာကြောင့်လည်း အခုလို မေးတာ ဖြစ်ပါတယ်။

(၄) ဘာလျှို့ဝှက်ချက်မှ မထားဘူး

သင့်ကို တကယ့်ကို စိတ်ဝင်စားတဲ့သူတစ်ယောက်က သင့်အတွက် သူက အမြဲ အသင့်ပါပဲ ဆိုတာပဲဆိုတာကို ပြလေ့ ရှိပါတယ်။ သင်သာ ဆန္ဒရှိမယ်ဆိုရင် သူ့အကြောင်းတွေကို ပြောပြဖို့ ဝန်မလေးတတ်ပါဘူး။ သင့်အပေါ်ကို ဘာမှ ဖုံးကွယ်ထားဖို့ စိတ်ကူး မရှိပါဘူး။ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကအစ သင့်ကို ပေးကြည့်ဖို့ ဝန်မလေးတတ်ကြပါဘူး။

(၅) သင့်အကြောင်းတွေကို သေချာ သိချင်တယ်

သူ့အကြောင်းတွေ သင့်ကို ပြောပြချင်သလိုပဲ သင့်အကြောင်းတွေကိုလည်း အမြဲ သိချင်နေတတ်ပါတယ်။ သင့်ကို စိတ်ဝင်စားတာကြောင့် သင့်ရဲ့ အကြောင်းအရာတွေကို သိချင်နေတတ်ပါတယ်။ သင် စိတ်ညစ်နေသလား၊ ပျော်ရွှင်နေသလား စသဖြင့် သင့်ရဲ့ စိတ်ခံစားချက်အခြေအနေတွေကို အတူမျှဝေခံစားချင်ကြောင်းလည်း အားထုတ် ပြောပြတတ်ကြပါတယ်။

Kham

Facebook Comments