2 12

ချစ်သူစုံတွဲတိုင်း အနည်းဆုံး တကြိမ်လောက်ဖြစ်ဖြစ် အတူတူ စမ်းသပ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေ

စုံတွဲတိုင်း အနည်းဆုံး တကြိမ်လောက်ဖြစ်ဖြစ် အတူတူ စမ်းသပ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေ …..

စုံတွဲတိုင်းရဲ့ ဆက်ဆံရေး ဆိုတာ ငယ်ရွယ်ပျိုမြစ်တဲ့ အရွယ်မှာ ပိုပြီး တက်ကြွ လန်းဆန်းနေတာ ဓမ္မတာပါပဲ အသက်ကြီး လာတာနဲ့ အမျှ ရင့်ကျက်မှုတွေနဲ့အတူ ငယ်ငယ်တုန်း ကလောက် အချစ်တွေလန်းဆန်း မနေတော့ပါဘူး။

ဒီလိုအရွယ်ကောင်းတုန်းမှာ ရှာဖွေရမယ့်အတွေ့အကြုံလေးတွေ ရှိပါတယ်။ ဒါမှသာအသက်ကြီးလာတဲ့အခါ ငါငယ်ငယ်က ဘာကြောင့် မလုပ်မိ ခဲ့ပါလိမ့် လို့ နောင်တ မရစေဖို့ စုံတွဲတိုင်း စမ်းသပ်ပြုသင့်တဲ့ အရာလေးတွေကို ဖော်ထုတ်ပေးချင် ပါတယ်။ ဒါပေမယ့် တချို့အရာတွေက သင့်ကိုသဘောကျစေတာကြောင့် တခါ စမ်းကြည့်တာနဲ့ နောက်ထပ် ထပ်ခါထပ်ခါ လုပ်ချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။

၁။ တယောက်ကို တယောက် နှိပ်ပေးပါ။။

sdfsfs ချစ်သူကို နှိပ်ပေးခြင်းဟာ သူ့အတွက် စိတ်ဖိစီးမှုတွေကို ပျောက်ကင်းစေယုံသာ မကပဲ တစ်ယောက်ကို တစ်ယောက်လည်း ပိုပြီး အချစ်တိုးစေ ပါလိမ့်မယ်။ အခြား အကျိုးကျေးဇူး တစ်ခုကတော့ ချစ်သူရဲ့ပျော်ရွင်မှုတွေ အပြင် သင့်အပေါ် တစ်ခုခု မကျေနပ်တာ ရှိရင်လည်း မျက်နှာသာပြန်ရနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

၂။ အတူတူချက်ပြုတ်ပါ။။

asdasd

သင့်ရဲ့အချစ်ရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့ ဆိုရင် နှစ်ယောက် အတူတူ မီးဖိုချောင်မှာ ချက်ပြုတ်ခြင်း ဟာလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီလို အပြုအမူလေးဟာ သင့်တို့ရဲ့အချစ်ရေးကု သာယာစေတဲ့ အပြင် အပြင်စားသောက်ဆိုင် မသွားဖြစ်တဲ့ အတွက်လည်း ငွေကုန်ကျေးကျ သက်သာ ပါလိမ့်မယ်။

၃။ ရေအတူတူ ချိုးကြည့်ပါ။။

sdfssd

နောက်ထပ် အရမ်းကို စိတ်ဝင်စားစရာ ကောင်းပြီးတော့ စမ်းသပ်ကြည့် သင့်တဲ့ အရာတစ်ခု ကတော့ ရေချိုးခန်းထဲမှာ ရေအတူတူ ချိုးရင် ချစ်တင်းနှောခြင်း ပါပဲ။ ဒီလို အတွေ့အကြုံကို ရရှိဖို့ ဆိုတာ သင့်အတွက် ငွေကုန်ကြေးကျ မရှိသလိုပဲ သင့်အတွက်ရော လက်တွဲဖော် အတွက်ပါ အသစ်အဆန်းတစ်ခုဖြစ်နေမှာပါ။

၎။ အစားအစာကို အသုံးပြုပြီး နမ်းကြည့်ပါ။။

ဒီနည်းလမ်းကတော့ စုံတွဲ အတော်များများ စမ်းသပ်တတ်ကြပြီး တကယ့်ကို စိတ်လှုပ်ရှားစရာ အချိန်လေးဖြစ်ကြောင်း စမ်းသပ်ဖူး သူတိုင်း သိကြပါတယ်။ အစားအစာကို အသုံးပြုတဲ့ အခါ သကြားလုံး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ နဲ့ အခြား အဆင်ပြေမယ့် စားစရာတွေကို အသုံးပြုနိုင်ပါတယ်။

၅။ ကမ်းခြေသို့ အလည်သွားပါ။။

sdfssdd

တကယ်လို့ သင်တို့ နေတဲ့နေရာနဲ့ ကမ်းခြေဟာ သိပ်မဝေးဖူး ဆိုရင်တော့ ချစ်သူနဲ့ အတူ ခဏခဏသွားရောက်သင့် ပါတယ်။ ကမ်းခြေနဲ့ဝေးတယ် ဆိုရင်တော့ အနည်းဆုံး တစ်နှစ်မှာ တကြိမ်လောက်ဖြစ်ဖြစ် ချစ်သူနဲ့ အတူ ရောက်အောင် သွားဖို့ ကြိုးစားကြည့်ပေးပါ။

၆။ အပြင်မှာ လေညှင်းခံ ထွက်ပါ။။

asdsads

တကယ်လို့ သင်က ပင်လယ်ကို မသွားချင်ဖူး ဆိုရင်လည်း ချစ်သူနဲ့ အတူတူ အပြင်မှာ လျှောက်သွားသင့်ပါတယ်။ ဒီလိုသွားတဲ့အခါ မြို့ထဲကို လျှောက်သွား တာထက် မြို့ပြင် ဒါမှမဟုတ် တောအုပ်လယ်ကွင်းလိုနေရာတွေက ပိုပြီး ပျော်စရာ ကောင်းနေ ပါလိမ့်မယ်။

၇။ သရုပ်ဆောင်ကြည့်ပါ။။

sdrftedfed

ဇာတ်ကားတွေမှာ မင်းသားနဲ့ မင်းသမီးရဲ့ ချစ်မှုရေးရာတွေ၊ ဒိုင်ယာလော့တွေ၊ ဒါမှမဟုတ် အကြမ်းအရမ်းတွေကိုပါ နှစ်ယောက် အတူတူ သရုပ်ဆောင်ပြီး လိုက်လုပ်ကြည့်ပါ။ ပျော်ရွင်စရာတွေကို တွေ့ကြုံ ခံစားရ ပါလိမ့်မယ်။

၈။ တယောက်ကို တယောက် အမွှေးအမျှင်တွေ ရိတ်ပေးပါ။။

ယောကျာ်းလေး ဆိုရင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွှေး၊ မိန်းကလေး ဆိုရင် ခြေသလုံးမွှေး စသဖြင့် ရိတ်ကြတဲ့အခါ တစ်ယောက်က တစ်ယောက်ကို ကူညီပြီး ရိတ်ပေးခြင်းဟာ နားလည်မှု ကျေနပ်မှုတွေကို ခံစားရ ပါလိမ့်မယ်။ တခြား တစ်ယောက်က ကူညီပေးတယ် ဆိုတော့ ပိုပြီး လွယ်ကူသလို သက်တောင့်သက်သာ ခံစားချက်ကို ခံစားရ ပါလိမ့်မယ်။

၉။ တယောက်ရဲ့ ဝါသနာကို တစ်ယောက်က ကြိုးစားကြည့်ပေးပါ။။

တကယ်လို့ ချစ်သူကို ပိုပြီး နားလည်ချင်တယ် ဆိုရင်တော့ တစ်ယောက်ရဲ့ ဝါသနာကို တစ်ယောက်က ကြိုးစားကြည့်ပေးသင့်ပါတယ် ။ ဒီလို ကြိုးစားခြင်းကြောင့် တစ်ယောက်ကို တစ်ယောက် ပိုနားလည်လာမှာဖြစ်ပြီး စစ်မှန်တဲ့ လက်တွဲဖော် အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

အနည်းဆုံး တကြိမ်လောက်ဖြစ်ဖြစ် စုံတွဲတိုင်း အတူတူ စမ်းသပ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေ …..

Crd LM Naung Naung , Lifestyle Myanmar

Facebook Comments