13

သင့်ကောင်လေးကို အပျင်းပြေမေးနိုင်တဲ့ ချစ်စရာ မေးခွန်း (၁၅) ခု

စတွဲခါစ အချစ်ရေးတစ်ခုက စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ရင်ဖိုစရာလည်းကောင်းပါတယ်။ တွဲတာကြာလာတဲ့အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အရင်ကထက် ပိုရင်းနှီးလာတာ ရည်းစားထားဖူးသူတိုင်း သိမှာပါ။

သင့်ကောင်လေးနဲ့ ဆုံတဲ့အချိန် အပျင်းပြေ မေးနိုင်တဲ့ အချစ်စကားလေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေကို သိထားရင် သင်ရော သင့်ချစ်သူပါ မပျင်းတော့ပါဘူး။ အပြင်မှာ မတွေ့ဖြစ်တဲ့ အချိန်တောင် Message လေးတွေ အပြန်အလှန်ပို့ပြီး မေးနိုင်ပါတယ်။

၁။ ငါတို့ တစ်ယောက်လက် တစ်ယောက် ကိုင်ထားတဲ့အချိန်ဆို နင်ဘယ်လိုခံစားရလဲ။

၂။ ငါ့ကို ချစ်တယ်ဆိုပြီး ဘယ်အချိန်က စခံစားလိုက်ရတာလဲ။

၃။ ငါတို့ လက်ထပ်ပြီးရင် နင်ဘယ်ကို ဟန်းနီးမွန်းထွက်ချင်လဲ။

၎။ ငါတို့ ပထမဆုံးတွေ့တဲ့နေ့ကို မှတ်မိသေးလား။

၅။ နင်ငါ့အကြောင်းတွေးတိုင်း ခေါင်းထဲ တွေးမိတဲ့ သီချင်းရှိလား။

၆။ နင်ငါ့တစ်ကိုယ်လုံးမှာ ဘယ်အရာကို အကြွေဆုံးလဲ။

၇။ ၅ စက္ကန့် ဖက်တာနဲ့ တစ်စက္ကန့် နမ်းပါဆိုရင် ဘယ်ဟာကို ရွေးမလဲ။

၈။ နင်ငါ့အကြောင်း စကားလုံး သုံးလုံးနဲ့ ပြောရမယ်ဆိုရင် ဘာတွေပြောမှာလဲ။

၉။ ငါဝမ်းနည်းတဲ့အချိန် နင်ငါ့ကို ပျော်အောင် ဘာလုပ်ပေးမလဲ။

၁၀။ ငါ့ကို ပန်းတစ်ပွင့်နဲ့ တင်စားရမယ်ဆိုရင် ဘယ်ပန်းနဲ့တင်စားချင်လဲ။

၁၁။ နင့်သူငယ်ချင်းတွေနဲ့ရှိတဲ့အချိန် ငါ့အကြောင်းပြောပြတတ်လား။

၁၂။ ငါသာနင့်အတွက် မနက်စာ ချက်ပေးရမယ်ဆိုရင် နင်ဘာစားချင်လဲ။

၁၃။ နင်ငါနဲ့ ဂိမ်းဆော့တဲ့အချိန် ငါ့ကို အရှုံးပေးမှာလား။

၁၄။ နင်နဲ့ငါ မုန့်စားတဲ့အချိန် မုန့်တစ်ခုပဲ ကျန်တော့တဲ့အချိန် ငါ့ကို ပေးမှာလား။

၁၅။ နင်ငါနဲ့ခရီးသွားရမယ်ဆိုရင် ဘယ်ကိုသွားချင်လဲ။

May Thu Soe

Facebook Comments