6 8

မိန္းမတစ္ေယာက္ရဲ႕ သည္းခံႏုိင္စြမ္းေတြကို ကုန္ဆံုးသြားေစႏုိင္တဲ့ အခ်က္ (၈)ခ်က္

မိန္းကေလးေတြရဲ႕ စိတ္က နားလည္ရခက္တယ္လို႕ ေယာက်ာ္းေလးေတြက ဆိုၾကပါတယ္။ ဘာလို႕လဲဆိုေတာ့ တကယ္ခ်စ္တဲ့သူကို အဆံုးစြန္ထိသည္းခံနိုင္ေပမယ့္ အဲ့ဒီတကယ္ခ်စ္တဲ့သူကိုပဲ ရုတ္တရက္ၾကီးျပတ္စဲနိုင္၊ ထားသြားနိုင္ၾကလို႕ပါပဲ။ ခ်စ္သူစံုတြဲေတြ ျပတ္ၾကတာအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္နိုင္ေပမယ့္ သင့္ကို တကယ္ခ်စ္တဲ့မိန္းကေလးက အရင္ကအံ့ၾသရေလာက္ေအာင္ သည္းခံခဲ့ျပီးေတာ့ အခုမွရုတ္တရက္ၾကီး ထားသြားတယ္ဆိုတာကေတာ့ အခုေဖာ္ျပမယ့္ အခ်က္ေတြေၾကာင့္ျဖစ္နိုင္ပါတယ္။ ဒီအခ်က္ေတြဟာ မိန္းကေလးေတြရဲ႕ သည္းခံနိုင္စြမ္းကို ကုန္ဆံုးေစတဲ့ အခ်က္ေတြလို႕ ေျပာရင္လည္း မမွားပါဘူးေနာ္ …

(၁) သူငယ္ခ်င္းေတြနဲ႕ခ်ိန္းဖို႕အတြက္သူနဲ႕ခ်ိန္းထားတာကိုဖ်က္တဲ့အခါ …

သူငယ္ခ်င္းေတြနဲ႕ ဟိုမသြားရ၊ ဒီမသြားရဆိုျပီး မခ်ဳပ္ခ်ယ္တတ္တဲ့ မိန္းကေလးတစ္ေယာက္က သူမနဲ႕ ခ်ိန္းထားတာကို ဖ်က္ျပီး၊ သူမကိုလိမ္ညာျပီး သူငယ္ခ်င္းေတြနဲ႕သြားေတြ႕တာမ်ိိဳးကိုေတာ့ လက္ခံမွာမဟုတ္ပါဘူး။ အခ်စ္ေရးနဲ႕ေဘာ္ဒါအကန္႕ မရွင္းမရွင္းေတြ လုပ္တာကို သူတို႕သည္းမခံနိုင္ပါဘူး …။

(၂) မပြင့္လင္းေတာ့ဘဲ လွ်ိဳ႕ဝွက္ခ်က္ေတြ အရမ္းမ်ားလာတဲ့အခါ …

ဘယ္သြားလို႕သြားမွန္းမသိ၊ ဘာလုပ္လို႕လုပ္မွန္းမသိရတာေတြ မ်ားလာျပီဆိုရင္ သူမဘက္က ယံုၾကည္မႈ တျဖည္းျဖည္းနည္းလာျပီး ခ်စ္သူတစ္ေယာက္အေနနဲ႕ ဆက္ခ်စ္ေနေပးဖို႕ကို ျပန္စဥ္းစားလာေတာ့မွာပဲ ျဖစ္ပါတယ္ …။

(၃) လိုအပ္တဲ့အခ်ိန္အနားမွာမရွိတဲ့အခါ …

ကိုယ္လိုအပ္တဲ့အခ်ိန္ အသံုးခ်ဖို႕ ခ်စ္သူထားတာမ်ိဳးမဟုတ္ေပမယ့္ ကိုယ္ တကယ္လိုအပ္ေနခ်ိန္၊ ကိုယ့္ေဘးမွာ ဘယ္သူမွမရွိခ်ိန္မွာ ခ်စ္သူေဘးမွာရွိဖို႕ လိုပါတယ္။ ဒီလိုမ်ိဳး လိုအပ္ေနခ်ိန္မွာေတာင္မွ ကိုယ့္ေဘးမွာမရွိတဲ့ ခ်စ္သူမ်ိဳးကို မိန္းကေလးေတြက ဘယ္ေလာက္ခ်စ္ခ်စ္ ေက်ာခိုင္းနိုင္ၾကပါတယ္ …။

(၄) ကေလးထိန္းေနရသလို ခံစားလာရတဲ့အခါ …

ကိုယ္က ခ်စ္သူေကာင္ေလးရဲ႕အေမတစ္ေယာက္လို ေနရာတကာ လိုက္ေစာင့္ၾကည့္၊ အရာအားလံုးအေသးစိတ္ကအစလိုက္လုပ္ေပး၊ အရာအားလံုးေျဖရွင္းေပးရတာမ်ိဳးေတြျဖစ္ေနရင္ ဒီအေျခအေနမ်ိဳးကေန ေက်ာခိုင္းထြက္သြားဖို႕လြယ္ပါတယ္။ ေယာက်ာ္းေလးက အသက္ငယ္ေနရင္ေတာင္ အျမဲတမ္းေတာ့ ကေလးလိုျဖစ္မေနသင့္ပါဘူး။

(၅) သူမရဲ႕ထင္ျမင္ယူဆခ်က္ေတြကို လစ္လ်ဴရႈတဲ့အခါ …

စံုတြဲေတြမွာ ေယာက်ာ္းေလးေတြက ခ်စ္သူရဲ႕ေလးစားမႈကို လိုခ်င္သလိုပဲ မိန္းကေလးကလည္း သူ႕ခ်စ္သူရဲ႕ေလးစားမႈကိုလိုခ်င္ပါတယ္။ အထူးသျဖင့္ အခက္အခဲ၊ အၾကပ္အတည္းတစ္ခုနဲ႕ ၾကံဳတဲ့အခါ သူမရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို တေလးတစား နားေထာင္ေပးတာမ်ိဳးကိုလိုခ်င္ပါတယ္။ ဒီလိုမဟုတ္ဘဲ သူမရဲ႕ ထင္ျမင္ယူဆခ်က္၊ အေတြးေတြကို အေရးမပါသလို လစ္လ်ဴရႈတဲ့အခါ သူမ သင့္အေပၚ စိတ္ပ်က္လာပါလိမ့္မယ္ေနာ္ …။

(၆) အလုပ္ကိုပဲ အရမ္းဦးစားေပးလြန္းတဲ့အခါ …

အလုပ္က အတိုင္းအတာတစ္ခုထိ အေရးၾကီးတာမွန္ေပမယ့္ ပထမဦးစားေပးေတာ့ မျဖစ္သင့္ပါဘူး။ ဒီလိုေျပာလို႕ ခ်စ္သူကို ပထမဦးစားေပးရမယ္လို႕လည္း တစ္ဖက္သတ္ ဆိုလိုတာမဟုတ္ပါဘူး။ အလုပ္နဲ႕အခ်စ္ေရး မွ်မွ်တတျဖစ္သင့္တယ္လို႕ေျပာခ်င္တာပါ။ အလုပ္ရွိတဲ့သူက အလုပ္အတြက္ တာဝန္ေက်ဖို႕လိုျပီး၊ ခ်စ္သူရွိတဲ့သူက အခ်စ္အတြက္ တာဝန္ေက်ဖို႕လိုသလို၊ အလုပ္ေရာ၊ ခ်စ္သူေရာရွိရင္ နွစ္မ်ိဳးလံုးအတြက္ မွ်မွ်တတတာဝန္ေက်ဖို႕လိုအပ္ပါတယ္ …။

(၇) တျခားမိန္းမေတြနဲ႕ႏိႈင္းယွဥ္တဲ့အခါ …

မိန္္းကေလးေတြရဲ႕ သည္းခံနိုင္စြမ္းကို လံုးဝကုန္ဆံုးသြားေစတာကေတာ့ သူတို႕ကို တျခားမိန္းမနဲ႕ ႏိႈင္းယွဥ္တာပဲျဖစ္ပါတယ္။ ဘာမွအေရးမပါပါဘူးလို႕ေတြးျပီး သူ႕လိုေအးေအးေဆးေဆးေနပါလားတို႕၊ သူ႕ေလာက္ဝရင္၊ သူ႕ေလာက္ပိန္ရင္ ပိုၾကည့္ေကာင္းမွာဆိုတာမ်ိဳးေတြ သြားမေျပာမိပါေစနဲ႕။ သူတို႕က အဲ့ဒီစကားေတြကို ေသတဲ့အထိ မွတ္ထားၾကတာမို႕ပါ …။

(၈) သူမကို ဂရုမစိုက္ေတာ့တဲ့အခါ …

မိန္းကေလးတိုင္းက သူတို႕ကို ဂရုစိုက္တာ အရမ္းၾကိဳက္ၾကတာပါ။ မနက္ကေနညအထိ တစ္ခ်ိန္လံုးဂရုစိိုက္ေနတာမ်ိဳးကိုေတာင္မွ စိတ္အေႏွာင့္အယွက္ျဖစ္တယ္လို႕ ဘယ္ေလာက္ေျပာေျပာ စိတ္ထဲမွာေတာ့ သေဘာက်ေနတတ္တာမ်ိဳးပါ။ ဒီေတာ့ သူမကို ဂရုမစိုက္ေတာ့တဲ့အခါ သင့္ကို ဘယ္ေလာက္ခ်စ္ခ်စ္ ထားသြားဖို႕ဝန္ေလးမွာမဟုတ္ပါဘူး ေနာ္ … ။ ။

MAY THAZINHTOO

—————————

Unicode

မိန်းကလေးတွေရဲ့ စိတ်က နားလည်ရခက်တယ်လို့ ယောကျာ်းလေးတွေက ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ တကယ်ချစ်တဲ့သူကို အဆုံးစွန်ထိသည်းခံနိုင်ပေမယ့် အဲ့ဒီတကယ်ချစ်တဲ့သူကိုပဲ ရုတ်တရက်ကြီးပြတ်စဲနိုင်၊ ထားသွားနိုင်ကြလို့ပါပဲ။ ချစ်သူစုံတွဲတွေ ပြတ်ကြတာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့် သင့်ကို တကယ်ချစ်တဲ့မိန်းကလေးက အရင်ကအံ့သြရလောက်အောင် သည်းခံခဲ့ပြီးတော့ အခုမှရုတ်တရက်ကြီး ထားသွားတယ်ဆိုတာကတော့ အခုဖော်ပြမယ့် အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေဟာ မိန်းကလေးတွေရဲ့ သည်းခံနိုင်စွမ်းကို ကုန်ဆုံးစေတဲ့ အချက်တွေလို့ ပြောရင်လည်း မမှားပါဘူးနော် …

(၁) သူငယ်ချင်းတွေနဲ့ချိန်းဖို့အတွက်သူနဲ့ချိန်းထားတာကိုဖျက်တဲ့အခါ

သူငယ်ချင်းတွေနဲ့ ဟိုမသွားရ၊ ဒီမသွားရဆိုပြီး မချုပ်ချယ်တတ်တဲ့ မိန်းကလေးတစ်ယောက်က သူမနဲ့ ချိန်းထားတာကို ဖျက်ပြီး၊ သူမကိုလိမ်ညာပြီး သူငယ်ချင်းတွေနဲ့သွားတွေ့တာမျိိုးကိုတော့ လက်ခံမှာမဟုတ်ပါဘူး။ အချစ်ရေးနဲ့ဘော်ဒါအကန့် မရှင်းမရှင်းတွေ လုပ်တာကို သူတို့သည်းမခံနိုင်ပါဘူး …။

(၂) မပွင့်လင်းတော့ဘဲ လျှို့ဝှက်ချက်တွေ အရမ်းများလာတဲ့အခါ

ဘယ်သွားလို့သွားမှန်းမသိ၊ ဘာလုပ်လို့လုပ်မှန်းမသိရတာတွေ များလာပြီဆိုရင် သူမဘက်က ယုံကြည်မှု တဖြည်းဖြည်းနည်းလာပြီး ချစ်သူတစ်ယောက်အနေနဲ့ ဆက်ချစ်နေပေးဖို့ကို ပြန်စဉ်းစားလာတော့မှာပဲ ဖြစ်ပါတယ် …။

(၃) လိုအပ်တဲ့အချိန်အနားမှာမရှိတဲ့အခါ

ကိုယ်လိုအပ်တဲ့အချိန် အသုံးချဖို့ ချစ်သူထားတာမျိုးမဟုတ်ပေမယ့် ကိုယ် တကယ်လိုအပ်နေချိန်၊ ကိုယ့်ဘေးမှာ ဘယ်သူမှမရှိချိန်မှာ ချစ်သူဘေးမှာရှိဖို့ လိုပါတယ်။ ဒီလိုမျိုး လိုအပ်နေချိန်မှာတောင်မှ ကိုယ့်ဘေးမှာမရှိတဲ့ ချစ်သူမျိုးကို မိန်းကလေးတွေက ဘယ်လောက်ချစ်ချစ် ကျောခိုင်းနိုင်ကြပါတယ် …။

(၄) ကလေးထိန်းနေရသလို ခံစားလာရတဲ့အခါ

ကိုယ်က ချစ်သူကောင်လေးရဲ့အမေတစ်ယောက်လို နေရာတကာ လိုက်စောင့်ကြည့်၊ အရာအားလုံးအသေးစိတ်ကအစလိုက်လုပ်ပေး၊ အရာအားလုံးဖြေရှင်းပေးရတာမျိုးတွေဖြစ်နေရင် ဒီအခြေအနေမျိုးကနေ ကျောခိုင်းထွက်သွားဖို့လွယ်ပါတယ်။ ယောကျာ်းလေးက အသက်ငယ်နေရင်တောင် အမြဲတမ်းတော့ ကလေးလိုဖြစ်မနေသင့်ပါဘူး။

(၅) သူမရဲ့ထင်မြင်ယူဆချက်တွေကို လစ်လျူရှုတဲ့အခါ

စုံတွဲတွေမှာ ယောကျာ်းလေးတွေက ချစ်သူရဲ့လေးစားမှုကို လိုချင်သလိုပဲ မိန်းကလေးကလည်း သူ့ချစ်သူရဲ့လေးစားမှုကိုလိုချင်ပါတယ်။ အထူးသဖြင့် အခက်အခဲ၊ အကြပ်အတည်းတစ်ခုနဲ့ ကြုံတဲ့အခါ သူမရဲ့ ထင်မြင်ယူဆချက်တွေကို တလေးတစား နားထောင်ပေးတာမျိုးကိုလိုချင်ပါတယ်။ ဒီလိုမဟုတ်ဘဲ သူမရဲ့ ထင်မြင်ယူဆချက်၊ အတွေးတွေကို အရေးမပါသလို လစ်လျူရှုတဲ့အခါ သူမ သင့်အပေါ် စိတ်ပျက်လာပါလိမ့်မယ်နော် …။

(၆) အလုပ်ကိုပဲ အရမ်းဦးစားပေးလွန်းတဲ့အခါ

အလုပ်က အတိုင်းအတာတစ်ခုထိ အရေးကြီးတာမှန်ပေမယ့် ပထမဦးစားပေးတော့ မဖြစ်သင့်ပါဘူး။ ဒီလိုပြောလို့ ချစ်သူကို ပထမဦးစားပေးရမယ်လို့လည်း တစ်ဖက်သတ် ဆိုလိုတာမဟုတ်ပါဘူး။ အလုပ်နဲ့အချစ်ရေး မျှမျှတတဖြစ်သင့်တယ်လို့ပြောချင်တာပါ။ အလုပ်ရှိတဲ့သူက အလုပ်အတွက် တာဝန်ကျေဖို့လိုပြီး၊ ချစ်သူရှိတဲ့သူက အချစ်အတွက် တာဝန်ကျေဖို့လိုသလို၊ အလုပ်ရော၊ ချစ်သူရောရှိရင် နှစ်မျိုးလုံးအတွက် မျှမျှတတတာဝန်ကျေဖို့လိုအပ်ပါတယ် …။

(၇) တခြားမိန်းမတွေနဲ့နှိုင်းယှဉ်တဲ့အခါ

မိန််းကလေးတွေရဲ့ သည်းခံနိုင်စွမ်းကို လုံးဝကုန်ဆုံးသွားစေတာကတော့ သူတို့ကို တခြားမိန်းမနဲ့ နှိုင်းယှဉ်တာပဲဖြစ်ပါတယ်။ ဘာမှအရေးမပါပါဘူးလို့တွေးပြီး သူ့လိုအေးအေးဆေးဆေးနေပါလားတို့၊ သူ့လောက်ဝရင်၊ သူ့လောက်ပိန်ရင် ပိုကြည့်ကောင်းမှာဆိုတာမျိုးတွေ သွားမပြောမိပါစေနဲ့။ သူတို့က အဲ့ဒီစကားတွေကို သေတဲ့အထိ မှတ်ထားကြတာမို့ပါ …။

(၈) သူမကို ဂရုမစိုက်တော့တဲ့အခါ

မိန်းကလေးတိုင်းက သူတို့ကို ဂရုစိုက်တာ အရမ်းကြိုက်ကြတာပါ။ မနက်ကနေညအထိ တစ်ချိန်လုံးဂရုစိိုက်နေတာမျိုးကိုတောင်မှ စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ဘယ်လောက်ပြောပြော စိတ်ထဲမှာတော့ သဘောကျနေတတ်တာမျိုးပါ။ ဒီတော့ သူမကို ဂရုမစိုက်တော့တဲ့အခါ သင့်ကို ဘယ်လောက်ချစ်ချစ် ထားသွားဖို့ဝန်လေးမှာမဟုတ်ပါဘူး နော် … ။ ။

MAY THAZINHTOO

Facebook Comments