6 696x434 1

ဒီလိုမျိုးချစ်သူကို တန်ဖိုးမထားတတ်ရင် ဝေးသွားမှ နောင်တအကြီးအကျယ်ရမှာပါ…

မိန်းကလေးတွေဟာ ချစ်သူကို ချစ်တတ်တဲ့နေရာမှာ နှစ်ယောက်မရှိပါဘူး။ သူတို့ရဲ့အချစ်ဟာ တစ်ခါတလေ ချစ်သူကို မွန်းကြပ်စေလောက်တဲ့အထိတောင် ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း ချစ်သူက ကိုယ့်ကိုအရမ်းချစ်လို့ဆိုတာကို နားလည်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဝေးသွားတဲ့အခါကျမှ အကြီးအကျယ်နောင်တတွေ တစ်လှေကြီးရရမှာပါ။

(၁) ခဏခဏဖုန်းဆက်တတ်တဲ့ချစ်သူ…

သင့်ကို ခဏခဏဖုန်းဆက်တတ်တဲ့ ချစ်သူဆိုတာ သင့်ကို အရမ်းချစ်တဲ့သူပါ။ သင့်ကို ဖုန်းခဏခဏဆက်နေတာကလည်း သူအရမ်းအားနေလို့ မဟုတ်ပါဘူး။ သင့်ကို လွမ်းလွန်းလို့၊ ဘာတွေများလုပ်နေမလဲဆိုတာလေးတွေ အမြဲတမ်းသိချင်နေလို့ပါ။ သင့်ကိုခဏခဏ ဖုန်းဆက်လို့ ဖုန်းဆက်တဲ့အချိန်ပဲ သတိရမယ်လို့ မထင်ပါနဲ့၊ ဖုန်းမဆက်တဲ့ ခဏအချိန်လေးအတွင်းမှာတောင် သင့်ကိုအရမ်းသတိရနေတဲ့သူပါ။ သူ့ကိုတန်ဖိုးမထားလို့ သင့်ကိုသူစွန့်ခွာသွားတဲ့အခါ သင့်ရဲ့ဖုန်းသံကတိတ်ဆိတ်ပြီး တစ်နေကုန်မှ တစ်ခါခေါ်မယ့်သူတောင်မရှိမှ နောင်တတွေရနေရမှာပါ။

(၂) အရစ်သန်တဲ့ချစ်သူ…

သင့်ကိုအမြဲတမ်းလိုလို ရစ်နေတတ်တဲ့ချစ်သူဆိုတာ သင့်ကို အရမ်းချစ်လို့ပါ။ သင့်ကိုရစ်တယ်ဆိုတာကလည်း သင်တို့နှစ်ယောက်ကြားမှာ သွေးအေးသွားမှာစိုးလို့ ရစ်ရစ်ပေးနေတာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ သူဒီလိုရစ်ရင် သင်ဘယ်လိုပြန်ဖြေရှင်းမလဲဆိုတာ ကြိုသိပြီးသားပါ။ ဒါပေမယ့် သူ့အပေါ် သင်ဘယ်လောက်စိတ်ရှည်လဲဆိုတာ သိချင်လို့ စမ်းသပ်နေတာဖြစ်ပါတယ်။ တကယ်လို့သာ သူ့ကို သင်တန်ဖိုးမထား၊ စိတ်မရှည်လို့ သင့်ကိုသူစွန့်ခွာသွားတဲ့အခါကျရင် ရစ်ဖို့နေနေသာသာ စကားပြောဖော်တောင် မရှိတော့လို့ နောင်တတွေ တစ်လှေကြီးရနေမှာပါ။

(၃) စိတ်ပူတတ်လွန်းတဲ့ချစ်သူ…

တစ်ခုခုဆို စိတ်တွေပူပြီး ပျာယာတွေခတ်၊ နေမထိထိုင်မသာတွေဖြစ်ပြီး တစ်ခါတလေ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေမှာတောင် မျက်ရည်ပေါက်ပေါက်ကျပြီး ငိုကြွေးတတ်တဲ့ ချစ်သူမျိုး သင့်မှာရှိပါသလား။ သူ့ကို သင်ကိုယ်ချင်းစာမိပါသလား။ မျက်ရည်ဆိုတာ လူတစ်ယောက်ရဲ့နှလုံးသားထဲကလာတဲ့ အရာပါ။ အားအားယားယား ကျလာတာမဟုတ်ပါဘူး။ ဒီလိုမျိုးသင့်ကိုချစ်လွန်း၊ စိတ်ပူတတ်လွန်းတဲ့ ချစ်သူကို သင်တန်ဖိုးမထားခဲ့လို့ တစ်ချိန်ချိန်မှာ သင့်ကိုစွန့်ခွာသွားတဲ့အချိန်ကျမှ သူ့ရဲ့ အကြင်နာမေတ္တာတွေကို လွမ်းဆွတ်တမ်းတပြီး နောင်တတွေ အကြီးအကျယ်ရနေမှာပါ။

(၄) သင့်ကိုအမြဲတမ်း အလျှော့ပေးခွင့်လွှတ်တဲ့သူ…

သင့်ကိုအရာရာမှာ အလျှော့ပေးသည်းခံပြီး ခွင့်လွှတ်တတ်တဲ့သူဆိုတာ သင့်ကိုတကယ်ချစ်တဲ့သူပါ။ သင့်ကိုအမြဲလျှော့ပေးနေတယ်ဆိုတာ သင်က သူ့ထက်ပိုကောင်းနေလို့၊ ပိုတော်နေလို့၊ ပိုမှန်နေလို့ မဟုတ်ပါဘူး။ သင့်ကိုအနိုင်မယူရက်လို့၊ သူ့ကြောင့်သင်စိတ်အနှောက်အယှက်ဖြစ်သွားမှာ စိုးလို့ပါ။ ဒါကြောင့် ဒီလိုချစ်သူမျိုးကို သင်တန်ဖိုးမထားတတ်ရင် သင့်ကိုအလျှော့ပေးမယ့်သူ၊ သည်းခံခွင့်လွှတ်ပေးမယ့်သူမရှိတော့မှ ပြန်တမ်းတနေလို့လည်း သင့်ဆီကိုပြန်လာတော့မှာမဟုတ်ပါဘူး။

(၅) သင့်အနားက ထွက်မသွားသူ…

သင်ဘယ်လောက်ဂရုမစိုက်၊ ပစ်ထားနေပါစေ၊ သင့်ဆီကနေ ဘာတစ်ခုမှမရရှိဖူးရင်တောင် သင့်ကိုစွန့်ခွာမသွားပဲ သင့်အနားမှာနေပေးတဲ့သူဆိုတာ သင့်ကိုအရမ်းချစ်လို့ပါ။ သင်ဘာပဲလုပ်လုပ်၊ သူ့အပေါ်ဘယ်လိုပဲ ရက်စက်နေလည်း သူ့ဖက်က ပစ်ခွာမသွားပါဘူးဆိုပြီး တန်ဖိုးမထားရင်တော့ သင်နောင်တရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုလူမျိုးတွေဟာ စိတ်ပိုင်းဖြတ်ပြီးရင် သေရင်တောင် ပြန်လှည့်မကြည့်တတ်တဲ့ သူတွေမို့လို့ပါ။

Credit to Anty May

Facebook Comments