9 8

အေနေဝးတဲ့ စုံတြဲေတြရဲ႕ အားသာခ်က္ (၈) ခ်က္

အဆင္ေျပတဲ့ အခ်စ္ေရး ျဖစ္ဖို႔အတြက္ ေန႔တိုင္း အၿမဲတမ္း ေတြ႕ေနစရာ မလိုပါဘူး။ အေနေဝးေနေပမယ့္ တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈ ရွိေနရင္ အဆင္ေျပေန မွာပါ။ အေနေဝးတဲ့ စုံတြဲေတြမွာလည္း အားသာခ်က္ေတြ ရွိပါတယ္..။

uyjkuiuiik

1.ေသးေသးမႊားမႊား ဂ႐ုစိုက္တာက အစ တန္ဖိုး ရွိပါတယ္…

ဖုန္းဆက္တာ၊ message ပို႔တာက အေနေဝးသူတို႔ အတြက္ ေပ်ာ္စရာအခ်က္ေလးေတြ ပါပဲ။ ပို႔ထားၿပီးသား message ေလးေတြကို ျပန္ဖတ္ရတာ ကလည္း ၾကည္ႏူးစရာ ေကာင္းပါတယ္..။

ဒါေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္ အဆက္အသြယ္ မျပတ္ဖို႔ကေတာ့ အေရးႀကီး ပါတယ္..။

trfukyk

2.ကိုယ္ပိုင္အခ်ိန္ေတြ ပိုရပါတယ္…

အေနေဝးေန တာေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ မေတြ႕ရတဲ့ အခါ ဝါသနာပါတဲ့ အလုပ္ေတြ ပိုလုပ္ဖို႔ အခ်ိန္ပိုရလာ ပါတယ္။ ေတြ႕စရာလည္း မလိုတာေၾကာင့္ အခ်ိန္ကုန္လည္း သက္သာ ပါတယ္..။

မ်က္ႏွာခ်င္းဆိုင္ၿပီး ရန္ျဖစ္ဖို႔ အခြင့္အေရးလည္း နည္းသြား တာေၾကာင့္ ေတာ္ေတာ္နဲ႔ လမ္းမခြဲႏိုင္ေတာ့ ပါဘူး..။

jiiijl

3.စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္…

တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်ိန္ေတြ အၾကာႀကီး ေဝးၿပီးမွ ျပန္ေတြ႕ရတာဟာ ရင္ခုန္ စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။ အဲဒီေပ်ာ္႐ႊင္မႈကို ေဖာ္ျပဖို႔ စကားလုံးနဲ႔ေတာင္ မလုံေလာက္ ပါဘူး..။

အၾကာႀကီးခြဲေနၿပီးမွ ေတြ႕ရတဲ့ အခ်ိန္ဟာ ဘဝမွာ အေပ်ာ္ဆုံး အခ်ိန္ထဲက တစ္ခ်ိန္ အပါအဝင္ ပါပဲ..၊

4.တစ္ေယာက္ကို တစ္ေယာက္ ပိုၿပီး အေလးအနက္ ထားလာပါတယ္…

အေနေဝးတဲ့ စုံတြဲေတြရဲ႕ အားသာခ်က္က (အေပ်ာ္တြဲတာ မဟုတ္ရင္) တစ္ေယာက္ကို တစ္ေယာက္ အေလးအနက္ပိုၿပီး ထားလာတယ္..။ယ

တစ္ေယာက္ရဲ႕ အလုပ္ကို တစ္ေယာက္က နားလည္ေပးၿပီး စိတ္ရွည္ေပးတဲ့အခါ အခ်စ္က ပိုေလးနက္ လာပါတယ္။ နားလည္မႈ ရွိတဲ့အခါ လမ္းခြဲျခင္း ဆိုတာ အေဝးမွာပါ။

iuoiouoio

5.ပိုၿပီး ခ်စ္လာၾက ပါတယ္…

အခ်စ္စစ္ဆိုတာ အေနေဝးတဲ့ စုံတြဲေတြၾကားမွာ ပိုေတြ႕ရပါတယ္။ အေနေဝးေန တာေတာင္ မေျပာင္းလဲေသးရင္ တကယ္ ခ်စ္လို႔ပါပဲ။ တခ်ိဳ႕ဆိုရင္ နီးနီးေလးနဲ႔ ေဝးေနတတ္ ၾကပါတယ္..။

jklkjol

6.ကိုယ့္ကိုယ္ကိုယ္ အားကိုးတတ္ လာပါတယ္…

အေနေဝးေန တာေၾကာင့္ အခက္အခဲ ေတြ႕ေနခ်ိန္မွာ နားေထာင္ေပးတာ၊ အႀကံေပးတာ ေလာက္ပဲ လုပ္ေပးႏိုင္မွာပါ။ က်န္တဲ့အပိုင္းေတြ ကိုေတာ့ ကိုယ့္ကိုယ္ကိုပဲ ရင္ဆိုင္ေျဖရွင္းရ မွာပါ..။

မေကာင္းတာတစ္ခုက အျခားကိစၥေၾကာင့္ မဟုတ္ဘဲ တစ္ေယာက္ကို တစ္ေယာက္ စိတ္ဆိုးေနရင္ ျပန္အဆင္ေျပဖို႔ အခ်ိန္ေတာ္ေတာ္ ယူရမွာပါ..။

vhhjmhk

7.ကိုယ့္႐ုပ္ရည္နဲ႔ ပတ္သက္ၿပီး စိတ္ပူစရာ မလိုေတာ့ပါဘူး…

လူခ်င္းမေတြ႕ရ တာေၾကာင့္ ဖုန္းေျပာေနခ်ိန္၊ message ပို႔ေနခ်ိန္မွာ ကိုယ္လွေနလား၊ မလွေနဘူးလားဆိုတာ စိတ္ပူစရာ မလိုပါဘူး။ အလွအပအတြက္ အခ်ိန္မေပးရလို႔ အခ်ိန္ေတြလည္း ပိုထြက္လာပါတယ္..။

ဒါေပမယ့္ တကယ္ခ်စ္တဲ့သူေတြက ႐ုပ္ရည္ေတြကို ၾကည့္ေနမွာ မဟုတ္ပါဘူး။ စကၠန႔္တိုင္းခ်စ္ေနဖို႔ပဲ လိုတာပါ..။

hgyyuuyk 8.ယုံၾကည္မႈေတြ ပိုတိုးလာပါတယ္…

မေတြ႕ရတဲ့ အခ်ိန္ဆိုရင္ တစ္ေယာက္ရဲ႕ တန္ဖိုးကို တစ္ေယာက္က ပိုသိလာ ပါတယ္။ သူ႔တန္ဖိုးေၾကာင့္ အဆုံးရႈံးလည္း မခံႏိုင္သလို သူမရွိရင္လည္း မေနႏိုင္ေတာ့ ပါဘူး။ အဲဒါေၾကာင့္ ေနရာေတြ ေဝးကြာေနေပမယ့္ သစၥာရွိရွိ ေနျဖစ္လာၾက ပါတယ္..။

သစၥာရွိရွိေနၾကတဲ့ အခါ ယုံၾကည္မႈေတြ ကလည္း တိုးသထက္ တိုးလာပါတယ္။ တကယ္ခ်စ္ရင္ ေဝးကြာေနေပမယ့္ ဘယ္အေၾကာင္းနဲ႔မွ သစၥာမေဖာက္ပါဘူး..။

Zombie(LoveMedia)

Unicode

—————————

အဆင်ပြေတဲ့ အချစ်ရေး ဖြစ်ဖို့အတွက် နေ့တိုင်း အမြဲတမ်း တွေ့နေစရာ မလိုပါဘူး။ အနေဝေးနေပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိနေရင် အဆင်ပြေနေ မှာပါ။ အနေဝေးတဲ့ စုံတွဲတွေမှာလည်း အားသာချက်တွေ ရှိပါတယ်..။

1.သေးသေးမွှားမွှား ဂရုစိုက်တာက အစ တန်ဖိုး ရှိပါတယ်..။

ဖုန်းဆက်တာ၊ message ပို့တာက အနေဝေးသူတို့ အတွက် ပျော်စရာအချက်လေးတွေ ပါပဲ။ ပို့ထားပြီးသား message လေးတွေကို ပြန်ဖတ်ရတာ ကလည်း ကြည်နူးစရာ ကောင်းပါတယ်..။

ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်ဖို့ကတော့ အရေးကြီး ပါတယ်..။

2.ကိုယ်ပိုင်အချိန်တွေ ပိုရပါတယ်..။

အနေဝေးနေ တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတဲ့ အခါ ဝါသနာပါတဲ့ အလုပ်တွေ ပိုလုပ်ဖို့ အချိန်ပိုရလာ ပါတယ်။ တွေ့စရာလည်း မလိုတာကြောင့် အချိန်ကုန်လည်း သက်သာ ပါတယ်..။

မျက်နှာချင်းဆိုင်ပြီး ရန်ဖြစ်ဖို့ အခွင့်အရေးလည်း နည်းသွား တာကြောင့် တော်တော်နဲ့ လမ်းမခွဲနိုင်တော့ ပါဘူး..။

3.စိတ်လှုပ်ရှားစရာ ကောင်းပါတယ်..။

တစ်ယောက်နဲ့ တစ်ယောက် အချိန်တွေ အကြာကြီး ဝေးပြီးမှ ပြန်တွေ့ရတာဟာ ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အဲဒီပျော်ရွှင်မှုကို ဖော်ပြဖို့ စကားလုံးနဲ့တောင် မလုံလောက် ပါဘူး..။

အကြာကြီးခွဲနေပြီးမှ တွေ့ရတဲ့ အချိန်ဟာ ဘဝမှာ အပျော်ဆုံး အချိန်ထဲက တစ်ချိန် အပါအဝင် ပါပဲ..၊

4.တစ်ယောက်ကို တစ်ယောက် ပိုပြီး အလေးအနက် ထားလာပါတယ်..။

အနေဝေးတဲ့ စုံတွဲတွေရဲ့ အားသာချက်က (အပျော်တွဲတာ မဟုတ်ရင်) တစ်ယောက်ကို တစ်ယောက် အလေးအနက်ပိုပြီး ထားလာတယ္..။

တစ်ယောက်ရဲ့ အလုပ်ကို တစ်ယောက်က နားလည်ပေးပြီး စိတ်ရှည်ပေးတဲ့အခါ အချစ်က ပိုလေးနက် လာပါတယ်။ နားလည်မှု ရှိတဲ့အခါ လမ်းခွဲခြင်း ဆိုတာ အဝေးမှာပါ။

5.ပိုပြီး ချစ်လာကြ ပါတယ်..။

အချစ်စစ်ဆိုတာ အနေဝေးတဲ့ စုံတွဲတွေကြားမှာ ပိုတွေ့ရပါတယ်။ အနေဝေးနေ တာတောင် မပြောင်းလဲသေးရင် တကယ် ချစ်လို့ပါပဲ။ တချို့ဆိုရင် နီးနီးလေးနဲ့ ဝေးနေတတ် ကြပါတယ်..။

6.ကိုယ့်ကိုယ်ကိုယ် အားကိုးတတ် လာပါတယ်..။

အနေဝေးနေ တာကြောင့် အခက်အခဲ တွေ့နေချိန်မှာ နားထောင်ပေးတာ၊ အကြံပေးတာ လောက်ပဲ လုပ်ပေးနိုင်မှာပါ။ ကျန်တဲ့အပိုင်းတွေ ကိုတော့ ကိုယ့်ကိုယ်ကိုပဲ ရင်ဆိုင်ဖြေရှင်းရ မှာပါ..။

မကောင်းတာတစ်ခုက အခြားကိစ္စကြောင့် မဟုတ်ဘဲ တစ်ယောက်ကို တစ်ယောက် စိတ်ဆိုးနေရင် ပြန်အဆင်ပြေဖို့ အချိန်တော်တော် ယူရမှာပါ..။

7.ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုတော့ပါဘူး..။

လူချင်းမတွေ့ရ တာကြောင့် ဖုန်းပြောနေချိန်၊ message ပို့နေချိန်မှာ ကိုယ်လှနေလား၊ မလှနေဘူးလားဆိုတာ စိတ်ပူစရာ မလိုပါဘူး။ အလှအပအတွက် အချိန်မပေးရလို့ အချိန်တွေလည်း ပိုထွက်လာပါတယ်..။

ဒါပေမယ့် တကယ်ချစ်တဲ့သူတွေက ရုပ်ရည်တွေကို ကြည့်နေမှာ မဟုတ်ပါဘူး။ စက္ကန့်တိုင်းချစ်နေဖို့ပဲ လိုတာပါ..။

8.ယုံကြည်မှုတွေ ပိုတိုးလာပါတယ်..။

မတွေ့ရတဲ့ အချိန်ဆိုရင် တစ်ယောက်ရဲ့ တန်ဖိုးကို တစ်ယောက်က ပိုသိလာ ပါတယ်။ သူ့တန်ဖိုးကြောင့် အဆုံးရှုံးလည်း မခံနိုင်သလို သူမရှိရင်လည်း မနေနိုင်တော့ ပါဘူး။ အဲဒါကြောင့် နေရာတွေ ဝေးကွာနေပေမယ့် သစ္စာရှိရှိ နေဖြစ်လာကြ ပါတယ်..။

သစ္စာရှိရှိနေကြတဲ့ အခါ ယုံကြည်မှုတွေ ကလည်း တိုးသထက် တိုးလာပါတယ်။ တကယ်ချစ်ရင် ဝေးကွာနေပေမယ့် ဘယ်အကြောင်းနဲ့မှ သစ္စာမဖောက်ပါဘူး..။

Zombie(LoveMedia)

Facebook Comments