1 13
ယောကျာ်းလေးတိုင်း လိုချင်ကြတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံများ….
334 1 (၁) အပြုံးကအသက်
555 1
445
77 3
Em Em
Unicode
————————–
အချစ်မှာမျက်စိမရှိပါဘူး။ ဒါပေမယ့်လည်း တည်မြဲတဲ့ အချစ်တစ်ခုဖြစ်ဖို့ကတော့ ကိုယ့်ဖက်က ကြိုးစားအားထုတ်မှုတွေ၊ အရည်အချင်းတွေ လိုအပ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ယောကျ်ားလေးတိုင်း အတည်တွဲချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ်။
(၁) အပြုံးကအသက်
ယောကျ်ားလေးတွေဟာ စိတ်ဖိစီးမှုဒဏ်တွေ၊ စိတ်ညစ်ဒဏ်တွေကို အမြဲလိုလိုဖြေသိမ့်ချင်တဲ့သူတွေပါ။ သူတို့ရဲ့ ချစ်သူကောင်မလေးဟာ ဘဝအမောတွေအားလုံးကို ပြေပျောက်သွားနိုင်လောက်အောင် ချိုမြိန်နွေးထွေးတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားရင် အရမ်းကို စိတ်သက်သာရာရကြတာကြောင့် အပြုံးကအသက်ဖြစ်ပါတယ်။
(၂) စိတ်ဝင်စားစရာကောင်းတယ်
ယောကျ်ားလေးတွေဟာ မိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီး အားလုံးကို သိနေရင် ပျင်းစရာကောင်းသွားမှာပါ။ ဒါကြောင့်စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ချက်လေးတွေရှိတဲ့သူတွေကိုသဘောကျကြပါတယ်။ ဥပမာ အချက်အပြုတ်ကောင်းတာမျိုး၊ ကျွမ်းကျင်လိမ္မာတဲ့အရာလေးတွေ ရှိနေတာမျိုးပေါ့။
(၃) ဝါသနာတွေအများကြီးရှိတယ်
ယောကျ်ားလေးတွေဟာ ဝါသနာတွေအမျိုးမျိုးရှိတဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆိုသင်ယူပါ။ ငါးမျှားတာပဲဖြစ်ဖြစ်၊ ကြက်တောင်ပဲဖြစ်ဖြစ်၊ ပန်းချီပဲဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခုကို အမြဲတမ်းသင်ယူလေ့လာထားရပါမယ်။
(၄) မငြီးငြူတဲ့မိန်းကလေး
ဘယ်တော့မှလို့တော့ မဆိုလိုပေမယ့် တတ်နိုင်သမျှ မငြီးငြူပါနဲ့။ အဆင်မပြေတာ၊ စိတ်ညစ်စရာ၊ ပြသနာနည်းနည်းလေးကအစ ငြီးတွားနေခြင်းက သင့်ကိုစိတ်ညစ်သွားနိုင်တာကြောင့်ပါ။ ဒါကြောင့် ဘယ်လိုပြသနာပဲရှိရှိ မငြီးငြူပဲ ဖြေရှင်းဖို့ကြိုးစားတတ်တဲ့မိန်းကလေးတွေကို အရမ်းချစ်ကြပါတယ်။
(၅) အားကိုးတတ်တဲ့မိန်းကလေး
မိန်းကလေးတစ်ယောက်က မှီခိုနေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ယောကျ်ားလေးတစ်ယောက် တစ်နည်းအားဖြင့် ကိုယ့်ချစ်သူကို အားကိုးပါ။ သင့်ကိုသူတတ်နိုင်တာတွေအားလုံး လုပ်ပေးပါစေ။ တစ်ခုရှိတာက စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်း လေးစားစွာပြောတတ်ဖို့အရမ်းအရေးကြီးပါတယ်။
Em Em
Facebook Comments