1 47

မႏၲေလးၿမိဳ႕ ဆု ကိုယ္ပိုင္အထက္တန္းေက်ာင္းကိစၥႏွင့္ပတ္သက္ပီး ႏွစ္ဖက္ ေျပာၾကားရွင္းလင္းခ်က္အျပည့္အစံု Video

မႏၲေလးၿမိဳ႕ရွိ ကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ ျဖစ္ပြားခဲ့သည့္ကိစၥ ေက်ာင္းဆရာက ေက်ာင္းသူအေပၚ ကာယိေျႏၵပ်က္ျပားေအာင္ ျပဳလုပ္ျခင္းဟု မိဘမ်ားစြပ္စြဲ၊

မေတာင္းပန္လၽွင္ တရားစြဲမည္ဟု ေက်ာင္းသားမိဘက ေျပာၿပီး ျပန္လည္တုန႔္ျပန္မည္ဟု ေက်ာင္းဆရာမိသားစုဝင္မ်ား ေျပာ

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ ဆု ကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ ဒသမတန္း တက္ေရာက္ေနသည့္ အသက္(၁၆)ႏွစ္အရြယ္ ေက်ာင္းသူတစ္ဦးကို

3 21 1

သခၤ်ာဆရာမွ ကာယိေျႏၵ ပ်က္ျပားေအာင္ ျပဳလုပ္ခဲ့ေၾကာင္း ေက်ာင္းသူ မိခင္မ်ားက စြပ္စြဲၿပီး လာေရာက္ေတာင္းပန္ျခင္းမရွိပါက တရားစြဲဆိုကာ ဥပေဒေၾကာင္းအရ

2 23 1

ရင္ဆိုင္မည္ျဖစ္ေၾကာင္း ေက်ာင္းသူ၏ မိဘမ်ားက ေျပာသည္။ စြပ္စြဲခံ သခၤ်ာဆရာ၏ မိသားစုဝင္မ်ားကလည္း အမွန္တကယ္ တရားစြဲဆိုလာပါက ကာယကံရွင္

ေက်ာင္းဆရာ၏ သေဘာထားအတိုင္း ျပန္လည္တုန႔္ျပန္မည္ဟု ေျပာသည္။

1 58

ၿပီးခဲ့သည့္ စက္တင္ဘာ(၁၂)ရက္ နံနက္ပိုင္းက ဆု ကိုယ္ပိုင္အထက္တန္းေက်ာင္း ဒသမတန္း(C) စာသင္ခန္းတြင္ သခၤ်ာဘာသာရပ္ သင္ၾကားသည့္

ဆရာဦးညီညီေထြးမွ ေက်ာင္းသူတစ္ဦးကို စားေမးခဲ့ၿပီး စာမွားသည္ဟုဆိုကာ မတ္တပ္ရပ္ခိုင္းခဲ့ေၾကာင္း၊ ထို႔ေနာက္ ေက်ာင္းသူ၏ လည္ဂုတ္ကို ကိုင္ကာ

ကိုင္ကြယ္ပြတ္သပ္ခဲ့ၿပီးေနာက္ ေက်ာင္းသူ၏ ရင္ညြန႔္ကို ကိုယ္တြယ္ရန္ ႀကိဳးစားခဲ့ေၾကာင္း ေက်ာင္းသူ၏ မိဘမ်ားက စြပ္စြဲသည္။

ထို႔ေန႔ ညေနပိုင္းတြင္ ေက်ာင္းသူမွာ မ်က္ႏွာမေကာင္းသျဖင့္ ေက်ာင္းလာႀကိဳသည့္ ဖခင္က ေမးျမန္းခဲ့ေသာ္လည္း တစုံတရာ ေျပာၾကားခဲ့ျခင္း

မရွိဘဲ စက္တင္ဘာ(၁၄)ရက္တြင္မွ ေက်ာင္းသူက အေၾကာင္းစုံ ျပန္လည္ေျပာၾကားခဲ့သည္ဟု မိခင္ ေဒၚမင္းမင္းျမတ္က ေျပာသည္။

အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္သည့္ CCTV မွတ္တမ္းဗြီဒီယိုဖိုင္အခ်ိဳ႕ စက္တင္ဘာ(၂၂)ရက္ကတည္းက လူမူကြန္ယက္တြင္ ပ်ံ႕ႏွံ့ခဲ့သည္။ လူမူကြန္ယက္တြင္

ပ်ံ႕ႏွံ့ေနသည့္ ဗြီဒီယိုဖိုင္မ်ားတြင္ ႐ုံးခန္းတစ္ခန္းအတြင္း ေက်ာင္းသားမိဘႏွစ္ဦးႏွင့္ စြပ္စြဲခံရသည့္ ေက်ာင္းဆရာ ဦးညီညီေထြးႏွင့္ အျခား ဆရာတစ္ဦးတို႔

စုစုေပါင္း ေလးဦးသည္ မ်က္ႏွာခ်င္းထိုင္ေနခဲ့ရာမွ ေက်ာင္းသူ၏ မိခင္မွ ေက်ာင္းဆရာ ဦးညီညီေထြးကို အရာဝတၱဳမ်ားျဖင့္ ပစ္ေပါက္ကာ ေအာ္ဟစ္ေျပာဆိုေနသည္ကို

ေတြ႕ရသည္။ ထို႔အျပင္ ေက်ာင္းသားမိဘမ်ားဘက္မွ ကာယိေျႏၵ ပ်က္ျပားေစရန္ ျပဳလုပ္ခဲ့သည္ဟု စြပ္စြဲေသာ စာသင္ခန္းအတြင္း ျဖစ္ရပ္ကို ရိုက္ကူးထားသည့္

CCTV မ်တ္တမ္းဗြီဒီယိုဖိုင္ ပါရွိသလို မ်က္ႏွာတြင္ အညိဳအမည္းဒဏ္ရာမ်ား ရရွိထားသည့္ ဆရာဦးညီညီေထြး၏ ဓါတ္ပုံမ်ားလည္း ပါဝင္သည္။

ဆု ကိုယ္ပိုင္အထက္တန္းေက်ာင္း တာဝန္ရွိသူမ်ားမွ ျပသနာပိုမိုႀကီးထြားလာလၽွင္ ေက်ာင္းအေပၚ တစ္စုံတရာ ထိခိုက္လာမည္ကို စိုးရိမ္၍ ငဲ့ကြက္ေပးရန္

ေျပာဆိုသည့္အတြက္ တရားမစြဲရန္ ကတိျပဳေသာ္လည္း ေငြက်ပ္သိန္းတစ္ေထာင္ ရယူထားေၾကာင္း မမွန္မကန္ သတင္းမ်ား ထုတ္လႊင့္လၽွက္ရွိရာ စြပ္စြဲအပုတ္ခ်သူ

မည္သူ႔ကိုမဆို တရားဆြဲဆိုမည္ဟု ေက်ာင္းသူ၏ မိခင္က ေျပာသည္။ အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္၍ သတင္းမီဒီယာမ်ားမွ တယ္လီဖုန္းမွတဆင့္ ဆု ကိုယ္ပိုင္အ

ထက္တန္းေက်ာင္း တည္ေထာင္သူ D BIO ေဒါက္တာေနမ်ိဳးထံ ဆက္သြယ္ေမးျမန္းခဲ့ရာ “ႏွစ္ဖက္ေတာ့ ညႇိေပးေနတာပဲ။ ညႇိေပးလို႔ မရေတာ့ မတတ္နိုင္ဘူး။

သူတို႔ ဘာဆက္ျဖစ္ၾကမယ္ မသိဘူးေနာ္”ဟု ျပန္လည္ေျဖၾကားသည္။

အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္၍ ျဖစ္စဥ္ျဖစ္ရပ္အမွန္ မသိရေသးသည့္အတြက္ မည္သို႔မၽွ ဆက္လက္ေဆာင္ရြက္နိုင္ျခင္း မရွိေသးဘဲ ေက်ာင္းအေနျဖင့္လည္း

ပညာေရးဝန္ႀကီးဌာန၏ ဆုံးျဖတ္ခ်က္အတိုင္း လိုက္နာလုပ္ေဆာင္မည္ဟု ဆုကိုယ္ပိုင္အထက္တန္းေက်ာင္း တည္ေထာင္သူ D BIO ေဒါက္တာေနမ်ိဳးက ဆိုသည္။

“ကံဆိုးခ်ိန္တန္လို႔ ကံဆိုးတယ္လို႔ပဲ သတ္မွတ္ပါတယ္”ဟု ၎က ဆိုသည္။

လတ္တေလာတြင္ ဆရာဦးညီညီေထြးမွာ ေက်ာင္း႐ုံးခန္းတြင္ ေက်ာင္းသူ မိဘမ်ားႏွင့္ ျဖစ္ပြားခဲ့ေသာ ဒဏ္ရာမ်ားအား စစ္ေဆးကုသလ်က္ရွိေၾကာင္း ဦးညီညီေထြး၏ မိသားစုဝင္မ်ားက ေျပာသည္။

“တဖက္က တရားစြဲမယ္ဆိုရင္ေတာ့ ဆရာဦးညီေထြးရဲ့ သေဘာဆႏၵအတိုင္း တုံ႔ျပန္ေဆာင္ရြက္သြားမွာပါ”ဟု ဦးညီညီေထြး၏ ေယာက္ဖေတာ္စပ္သူ ဦးဝမ္းက ေျပာသည္။

ဆု ကိုယ္ပိုင္အထန္းေက်ာင္းမွာ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ တည္ရွိၿပီး အဆိုပါ ေက်ာင္းတြင္ တက္ေရာက္ပညာသင္ၾကားေနသည့္ ေက်ာင္းသားေက်ာင္း

သူ ေထာင္ခ်ီရွိေၾကာင္း ေက်ာင္းသားမိဘမ်ားက ေျပာသည္။

ေက်ာင္းသူ၏ မိဘမ်ားမွ သတင္းမီဒီယာမ်ားကို ေျဖၾကားေနစဥ္။ ဓါတ္ပုံ – မင္းေမာ္။

စက္တင္ဘာ(၁၅)ရက္တြင္ ေက်ာင္းဆရာဦးညီညီေထြးႏွင့္ ေက်ာင္းသားမိဘမ်ားကို ဆုကိုယ္ပိုင္အထက္တန္းေက်ာင္း တည္ေထာင္သူ D BIO ေဒါက္တာေနမ်ိဳးမွ

ေက်ာင္း႐ုံးခန္းအတြင္း ေတြ႕ဆုံေပးခဲ့သည္ဟု ေက်ာင္းသူ၏ မိဘမ်ားက ဆိုသည္။ “ကၽြန္မက ေက်ေအးေပးဖို႔ ရွိပါတယ္။ ဒါေပမယ့္ သူက အမွတ္(၈)ကိုတိုင္မယ္၊

အေသေရဖ်က္မႈနဲ႔ ဆြဲမယ္လုပ္ေတာ့ ကၽြန္မလည္း မိဘတစ္ေယာက္အေနနဲ႔ ေဒါသထြက္ပီး တစ္ရႉးဘူး ခ်ိဳခ်ဥ္ဘူးနဲ႔ ႏွစ္ခါေပါက္တယ္”ဟု ေက်ာင္းသူ မိခင္

ေဒၚမင္းမင္းျမတ္က စက္တင္ဘာ(၂၃)ရက္တြင္ သတင္းမီဒီယာမ်ားကို ေျပာသည္။

အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္၍ စြပ္စြဲခံရသည့္ ေက်ာင္းဆရာ ဦးညီညီေထြးထံ Mandalay In-depth News မွ သြားေရာက္ေမးျမန္းခဲ့ေသာ္လည္း မိသားစုဝင္မ်ားႏွင့္သာ ေတြ႕ဆုံခြင့္ ရခဲ့သည္။

“cctv မွာ ျမင္ေတြ႕ေနရတာပဲေလ။ ဆရာကိုညီေထြး ဘက္မွာ ေက်ာင္းသားေတြ ရွိတယ္။ ဒီကိစၥက ဆရာညီေထြးေတာင္ ထြက္စရာ မလိုဘူး။ ေက်ာင္းသားေတြ ရွိတယ္”

ဟု ဆရာ ဦးညီညီေထြး၏ ေယာက္ဖေတာ္စပ္သူ ဦးဝမ္း က ေျပာသည္။

စက္တင္ဘာ(၁၅)ရက္ ႏွစ္ဖက္ေတြ႕ဆုံခဲ့ၿပီးေနာက္ပိုင္း ဆု ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီး D BIO ေဒါက္တာေနမ်ိဳးသည္ ေက်ာင္းသူ၏

မိဘမ်ားထံ သုံးႀကိမ္ခန႔္ လာေရာက္ခဲ့ၿပီး တရားစြဲဆိုျခင္း မျပဳရန္၊ ေက်ာင္းဆရာကို ေက်ာင္းမွထုတ္ပယ္ျခင္း မျပဳဘဲ အျခားစာသင္ခ်ိန္တြင္ သင္ၾကားခြင့္ျပဳေပးရန္၊

ေက်ာင္းသူကို ပညာသင္ၾကားေပးရန္ နည္းျပဆရာမ်ားကို ေက်ာင္းသူ၏ ေနအိမ္သို႔ ေစလႊတ္ေပမည္ျဖစ္ေၾကာင္းႏွင့္ တရားစြဲဆိုပါက ေက်ာင္းသားမ်ားမွ

ဆႏၵျပလိမ့္မည္ျဖစ္ေၾကာင္း လာေရာက္ ညႇိႏွိုင္းေျပာဆိုခဲ့သည္ဟု ေက်ာင္းသူ၏ မိခင္ ေဒၚမင္းမင္းျမတ္က ေျပာသည္။

“သူ႔ဘက္က လာေတာင္းပန္ရင္ေတာ့ ေက်ေအးေပးရင္ ေပးနိုင္မယ္။ အဲ့လိုမွ မဟုတ္ဘူးဆိုရင္ေတာ့ ကၽြန္ေတာ္တို႔က တရားစြဲသြားမွာပါ။ ကၽြန္ေတာ့္သမီးေလးရဲ့

အရွက္နဲ႔ဂုဏ္သိကၡာအတြက္ ကၽြန္ေတာ္ ကာကြယ္သြားမယ္။ ကၽြန္ေတာ့စည္းစိမ္ ကုန္ရင္ကုန္သြားပါေစ၊ ကၽြန္ေတာ္ကာကြယ္သြားမွာပါ” ဟု ေက်ာင္းသူ၏ ဖခင္က ေျပာသည္။

credit to Mandalay Indepth News

Credit elevennews video

—————————-

unicode

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်သည့် CCTV မှတ်တမ်းဗွီဒီယိုဖိုင်အချို့ စက်တင်ဘာ(၂၂)ရက်ကတည်းက လူမူကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။ လူမူကွန်ယက်တွင်

ပျံ့နှံ့နေသည့် ဗွီဒီယိုဖိုင်များတွင် ရုံးခန်းတစ်ခန်းအတွင်း ကျောင်းသားမိဘနှစ်ဦးနှင့် စွပ်စွဲခံရသည့် ကျောင်းဆရာ ဦးညီညီထွေးနှင့် အခြား ဆရာတစ်ဦးတို့

စုစုပေါင်း လေးဦးသည် မျက်နှာချင်းထိုင်နေခဲ့ရာမှ ကျောင်းသူ၏ မိခင်မှ ကျောင်းဆရာ ဦးညီညီထွေးကို အရာဝတ္တုများဖြင့် ပစ်ပေါက်ကာ အော်ဟစ်ပြောဆိုနေသည်ကို

တွေ့ရသည်။ ထို့အပြင် ကျောင်းသားမိဘများဘက်မှ ကာယိန္ဒြေ ပျက်ပြားစေရန် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲသော စာသင်ခန်းအတွင်း ဖြစ်ရပ်ကို ရိုက်ကူးထားသည့်

CCTV မျတ်တမ်းဗွီဒီယိုဖိုင် ပါရှိသလို မျက်နှာတွင် အညိုအမည်းဒဏ်ရာများ ရရှိထားသည့် ဆရာဦးညီညီထွေး၏ ဓါတ်ပုံများလည်း ပါဝင်သည်။

ဆု ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူများမှ ပြသနာပိုမိုကြီးထွားလာလျှင် ကျောင်းအပေါ် တစ်စုံတရာ ထိခိုက်လာမည်ကို စိုးရိမ်၍ ငဲ့ကွက်ပေးရန်

ပြောဆိုသည့်အတွက် တရားမစွဲရန် ကတိပြုသော်လည်း ငွေကျပ်သိန်းတစ်ထောင် ရယူထားကြောင်း မမှန်မကန် သတင်းများ ထုတ်လွှင့်လျှက်ရှိရာ စွပ်စွဲအပုတ်ချသူ

မည်သူ့ကိုမဆို တရားဆွဲဆိုမည်ဟု ကျောင်းသူ၏ မိခင်က ပြောသည်။ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းမီဒီယာများမှ တယ်လီဖုန်းမှတဆင့် ဆု ကိုယ်ပိုင်အ

ထက်တန်းကျောင်း တည်ထောင်သူ D BIO ဒေါက်တာနေမျိုးထံ ဆက်သွယ်မေးမြန်းခဲ့ရာ “နှစ်ဖက်တော့ ညှိပေးနေတာပဲ။ ညှိပေးလို့ မရတော့ မတတ်နိုင်ဘူး။

သူတို့ ဘာဆက်ဖြစ်ကြမယ် မသိဘူးနော်”ဟု ပြန်လည်ဖြေကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် မသိရသေးသည့်အတွက် မည်သို့မျှ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ကျောင်းအနေဖြင့်လည်း

ပညာရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာလုပ်ဆောင်မည်ဟု ဆုကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ D BIO ဒေါက်တာနေမျိုးက ဆိုသည်။

“ကံဆိုးချိန်တန်လို့ ကံဆိုးတယ်လို့ပဲ သတ်မှတ်ပါတယ်”ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ဆရာဦးညီညီထွေးမှာ ကျောင်းရုံးခန်းတွင် ကျောင်းသူ မိဘများနှင့် ဖြစ်ပွားခဲ့သော ဒဏ်ရာများအား စစ်ဆေးကုသလျက်ရှိကြောင်း ဦးညီညီထွေး၏ မိသားစုဝင်များက ပြောသည်။

“တဖက်က တရားစွဲမယ်ဆိုရင်တော့ ဆရာဦးညီထွေးရဲ့ သဘောဆန္ဒအတိုင်း တုံ့ပြန်ဆောင်ရွက်သွားမှာပါ”ဟု ဦးညီညီထွေး၏ ယောက်ဖတော်စပ်သူ ဦးဝမ်းက ပြောသည်။

ဆု ကိုယ်ပိုင်အထန်းကျောင်းမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် တည်ရှိပြီး အဆိုပါ ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသားကျောင်း

သူ ထောင်ချီရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။

ကျောင်းသူ၏ မိဘများမှ သတင်းမီဒီယာများကို ဖြေကြားနေစဉ်။ ဓါတ်ပုံ – မင်းမော်။

စက်တင်ဘာ(၁၅)ရက်တွင် ကျောင်းဆရာဦးညီညီထွေးနှင့် ကျောင်းသားမိဘများကို ဆုကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ D BIO ဒေါက်တာနေမျိုးမှ

ကျောင်းရုံးခန်းအတွင်း တွေ့ဆုံပေးခဲ့သည်ဟု ကျောင်းသူ၏ မိဘများက ဆိုသည်။ “ကျွန်မက ကျေအေးပေးဖို့ ရှိပါတယ်။ ဒါပေမယ့် သူက အမှတ်(၈)ကိုတိုင်မယ်၊

အသေရေဖျက်မှုနဲ့ ဆွဲမယ်လုပ်တော့ ကျွန်မလည်း မိဘတစ်ယောက်အနေနဲ့ ဒေါသထွက်ပီး တစ်ရှူးဘူး ချိုချဉ်ဘူးနဲ့ နှစ်ခါပေါက်တယ်”ဟု ကျောင်းသူ မိခင်

ဒေါ်မင်းမင်းမြတ်က စက်တင်ဘာ(၂၃)ရက်တွင် သတင်းမီဒီယာများကို ပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ စွပ်စွဲခံရသည့် ကျောင်းဆရာ ဦးညီညီထွေးထံ Mandalay In-depth News မှ သွားရောက်မေးမြန်းခဲ့သော်လည်း မိသားစုဝင်များနှင့်သာ တွေ့ဆုံခွင့် ရခဲ့သည်။

“cctv မှာ မြင်တွေ့နေရတာပဲလေ။ ဆရာကိုညီထွေး ဘက်မှာ ကျောင်းသားတွေ ရှိတယ်။ ဒီကိစ္စက ဆရာညီထွေးတောင် ထွက်စရာ မလိုဘူး။ ကျောင်းသားတွေ ရှိတယ်”

ဟု ဆရာ ဦးညီညီထွေး၏ ယောက်ဖတော်စပ်သူ ဦးဝမ်း က ပြောသည်။

စက်တင်ဘာ(၁၅)ရက် နှစ်ဖက်တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ဆု ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး D BIO ဒေါက်တာနေမျိုးသည် ကျောင်းသူ၏

မိဘများထံ သုံးကြိမ်ခန့် လာရောက်ခဲ့ပြီး တရားစွဲဆိုခြင်း မပြုရန်၊ ကျောင်းဆရာကို ကျောင်းမှထုတ်ပယ်ခြင်း မပြုဘဲ အခြားစာသင်ချိန်တွင် သင်ကြားခွင့်ပြုပေးရန်၊

ကျောင်းသူကို ပညာသင်ကြားပေးရန် နည်းပြဆရာများကို ကျောင်းသူ၏ နေအိမ်သို့ စေလွှတ်ပေမည်ဖြစ်ကြောင်းနှင့် တရားစွဲဆိုပါက ကျောင်းသားများမှ

ဆန္ဒပြလိမ့်မည်ဖြစ်ကြောင်း လာရောက် ညှိနှိုင်းပြောဆိုခဲ့သည်ဟု ကျောင်းသူ၏ မိခင် ဒေါ်မင်းမင်းမြတ်က ပြောသည်။

“သူ့ဘက်က လာတောင်းပန်ရင်တော့ ကျေအေးပေးရင် ပေးနိုင်မယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့က တရားစွဲသွားမှာပါ။ ကျွန်တော့်သမီးလေးရဲ့

အရှက်နဲ့ဂုဏ်သိက္ခာအတွက် ကျွန်တော် ကာကွယ်သွားမယ်။ ကျွန်တော့စည်းစိမ် ကုန်ရင်ကုန်သွားပါစေ၊ ကျွန်တော်ကာကွယ်သွားမှာပါ” ဟု ကျောင်းသူ၏ ဖခင်က ပြောသည်။

credit to Mandalay Indepth News

Credit elevennews video

Facebook Comments