1 7

ဦးဟိန္းမင္း အကယ္ဒမီမရရင္ ဆႏၵျပမယ္လို႔ အတိအလင္းေၾကျငာလိုက္တဲ့ သ႐ုပ္ေဆာင္ဇင္မ်ိဳး

မၾကာေသးမီက ႐ုံတင္ခဲ့တဲ့ “ခ်ည္” ႐ုပ္ရွင္ဇာတ္ကားဟာ ပရိသတ္ေတြတခဲနက္အားေပးၾကည့္ရႈခဲ့ၾကတဲ့ ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္…ဒီဇာတ္ကားဟာ နာမည္ႀကီး မင္းသား မင္းသမီးေတြျဖစ္တဲ့ ေနတိုး၊ သက္မြန္ျမင့္ နဲ႔ ေရႊသမီးတို႔ ပါဝင္သ႐ုပ္ေဆာင္ထားၾကတဲ့ အိမ္ေထာင္ေရးအခ်စ္ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္….

1 29 ဒီလိုနာမည္ေက်ာ္ေတြအျပင္ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ဦးမင္းဟိန္းလည္း အဆိုပါ ဇာတ္ကားမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္…ပရိသတ္ေတြ ေျပာစမွတ္ျပဳေနၾကတာေတာ့ ဒီဇာတ္ကားနဲ႔ ပတ္သက္ၿပီး ဦးမင္းဟိန္းရဲ့ သ႐ုပ္ေဆာင္ခ်က္ေတြဟာ တကယ့္ကို ပီျပင္ပိုင္နိုင္လြန္းတယ္လို႔ ပဲျဖစ္ပါတယ္…

2 24

ဒါေၾကာင့္ ဦးမင္းဟိန္းတစ္ေယာက္ အကယ္ဒမီရမလားဆိုၿပီး ေမၽွာ္လင့္ေပးေနၾကတာပါ….ဒါနဲ႔ ပတ္သက္ၿပီး ဇာတ္ပို႔ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ဇင္မ်ိဳးကလည္း ဦးမင္းဟိန္း ဒီႏွစ္မွ မရရင္ ဆႏၵေဖာ္ထုတ္မယ္ဆိုၿပီး “သတိ……ဒီႏွစ္ဦးဟိန္းမင္း မရရင္ ဆႏၵေဖာ္ထုတ္မယ္။” လို႔ သူ႔ရဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပခဲ့ပါတယ္….

3 31

ဒါ့အျပင္ SSC မွာ ေဆး႐ုံတင္ထားရတဲ့ သူ႔အေမကို လာေရာက္အားေပးစကားေျပာၾကားတဲ့အတြက္လည္း “16 ရက္ေန႔ခြဲစိတ္ရမယ့္ အေမကိုေဆး႐ုံမွာလာေရာက္အားေပးတဲ့ ဦးဟိန္းမင္း ေက်းဇူးပါဗ်ာ။” လို႔ ဆိုခဲ့ပါတယ္….

ကဲ..ပရိသတ္ႀကီးေရ ဇင္မ်ိဳးကေတာ့ ဦးဟိန္းမင္းဒီႏွစ္မွ မရရင္ ဆႏၵေဖာ္ထုတ္မယ္တဲ့ ပရိသတ္ႀကီးတို႔ေရာ ဦးဟိန္းမင္းဒီႏွစ္အကယ္ဒမီရမရ ဘယ္လိုမ်ိဳးမွတ္ခ်က္ေပးခ်င္ၾကပါသလဲ… “ခ်ည္” ဇာတ္ကားထဲမွာေတာ့ ဦးဟိန္းမင္းရဲ့ သ႐ုပ္ေဆာင္ခ်က္ေတြက တကယ့္ကို အသက္ဝင္လွပါတယ္…ဒီႏွစ္ရပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္…

Writer – HW (Shwe Yaung Lan)

Source : Zin Myo

———————-

UNICODE

ဦးဟိန်းမင်း အကယ်ဒမီမရရင် ဆန္ဒပြမယ်လို့ အတိအလင်းကြေငြာလိုက်တဲ့ သရုပ်ဆောင်ဇင်မျိုး

မကြာသေးမီက ရုံတင်ခဲ့တဲ့ “ချည်” ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်တွေတခဲနက်အားပေးကြည့်ရှုခဲ့ကြတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်…ဒီဇာတ်ကားဟာ နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်တဲ့ နေတိုး၊ သက်မွန်မြင့် နဲ့ ရွှေသမီးတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အိမ်ထောင်ရေးအချစ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်….

ဒီလိုနာမည်ကျော်တွေအပြင် ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဟိန်းလည်း အဆိုပါ ဇာတ်ကားမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်…ပရိသတ်တွေ ပြောစမှတ်ပြုနေကြတာတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဦးမင်းဟိန်းရဲ့ သရုပ်ဆောင်ချက်တွေဟာ တကယ့်ကို ပီပြင်ပိုင်နိုင်လွန်းတယ်လို့ ပဲဖြစ်ပါတယ်…

ဒါကြောင့် ဦးမင်းဟိန်းတစ်ယောက် အကယ်ဒမီရမလားဆိုပြီး မျှော်လင့်ပေးနေကြတာပါ….ဒါနဲ့ ပတ်သက်ပြီး ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဇင်မျိုးကလည်း ဦးမင်းဟိန်း ဒီနှစ်မှ မရရင် ဆန္ဒဖော်ထုတ်မယ်ဆိုပြီး “သတိ……ဒီနှစ်ဦးဟိန်းမင်း မရရင် ဆန္ဒဖော်ထုတ်မယ်။” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်….

ဒါ့အပြင် SSC မှာ ဆေးရုံတင်ထားရတဲ့ သူ့အမေကို လာရောက်အားပေးစကားပြောကြားတဲ့အတွက်လည်း “16 ရက်နေ့ခွဲစိတ်ရမယ့် အမေကိုဆေးရုံမှာလာရောက်အားပေးတဲ့ ဦးဟိန်းမင်း ကျေးဇူးပါဗျာ။” လို့ ဆိုခဲ့ပါတယ်….

ကဲ..ပရိသတ်ကြီးရေ ဇင်မျိုးကတော့ ဦးဟိန်းမင်းဒီနှစ်မှ မရရင် ဆန္ဒဖော်ထုတ်မယ်တဲ့ ပရိသတ်ကြီးတို့ရော ဦးဟိန်းမင်းဒီနှစ်အကယ်ဒမီရမရ ဘယ်လိုမျိုးမှတ်ချက်ပေးချင်ကြပါသလဲ… “ချည်” ဇာတ်ကားထဲမှာတော့ ဦးဟိန်းမင်းရဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို အသက်ဝင်လှပါတယ်…ဒီနှစ်ရပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်…

Writer – HW (Shwe Yaung Lan)

Source : Zin Myo

Facebook Comments