7 6

နေဒွေးရဲ့ကိုယ်ထိလက်ရောက်ရိုက်နှက်စော်ကားတာတွေကို ခံခဲ့ရဖူးကြောင်းဖွင့်ချလိုက်တဲ့ သံစဉ်မောင်

နေဒွေးကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်လာသူဖြစ်ပြီး နာမည်ကြီးမော်လ်ဒယ်သရုပ်ဆောင် ဘေဘီမောင်ရဲ့ညီမဖြစ်သူ တက်သစ်စမော်ဒယ်လ် သံဇဉ်မောင်နဲ့ မေတ္တာမျှခဲ့သူပါ။သူတို့အချစ်ရေး သာယာဖြောင့်ဖြူးတယ်လို့ပရိသတ်တွေက ထင်ခဲ့ကြပေမယ့်လည်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ သရုပ်ဆောင်မင်းခန့်ကျော်နဲ့ ငွေကြေးပြသာနာ အချို့အပြီးမှာတော့ သံဇဉ်မောင်က သူတို့ရဲ့အတွင်းရေးအချို့ကိုဖွင့်ချခဲ့တာပါ။

74496446 990688854625353 7518701604426481664 n နေဒွေးကို ချစ်သူများပြီး သစ္စာမရှိသူတစ်ယောက်အဖြစ် သက်သေတွေနဲ့တကွ ပရိသတ်ကိုချပြခဲ့တာဖြစ်ပြီး နေဒွေးကလည်း သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ အကြောင်းအရာတချို့ကိုချပြခဲ့တာပါ။ပရိသတ်တွေမသိသေးတဲ့ ချစ်သူနှစ်ဦးကြားက အကြောင်းအရာတွေကြောင့် ပရိသတ်တွေ များစွာအံ့အားသင့်ခဲ့ရတာဖြစ်ပြီး ပွဲဆူနေခဲ့တာပါ။ဘယ်သူမှန်တယ် မှားတယ် မဆုံးဖြတ်နိုင်ခင်မှာပဲ ပရိသတ်တွေလုံးဝမထင်မှတ်ထားလောက်တဲ့ ပ်ု့စ်တစ်ခုကို ဒီနေ့ညမှာပဲ သံဇဉ်မောင်က မျှဝေလိုက်တာဖြစ်ပါတယ်။

80469935 3476672055738538 7768181144956174336 o

အဲ့ဒါကတော့ ဖူးယောင်နေတဲ့မျက်နှာပုံနဲ့အတူ “အရှက်မရှိမပြတ်သားနိုင်လို့ instagram မှာမျိုးစုံတင် Fb မှာတင်နေခဲ့တောင် မသိချင်ယောင်ဆောင်နေခဲ့တာ နင်တင်တာအားလုံး ငါမှာ SS တွေရှိတယ်နော် အေး တွဲနေတုန်းက နင်လူစိတ်မရှိပဲ အမြဲလက်ပါရိုက်နှက်ပြီး ငါမျက်နှာကို လူကြားထဲမထွက်နိုင်အောင်ရိုက်ထားတဲ့ပုံတွေအားလုံး ငါထုပ်ပြမှာ နင်လိုက်ပတ်သတ်ချင်နေတာလေ နင်ငါ့ကိုမပြတ်သားနိုင်လို့ ဟိုလူကိုစကားလာပြောခိုင်း ဒီလူ့ကိုစကားလာပြောခိုင်းနဲ့ ငါမှာသက်သေတွေအကုန်ရှိတယ်နော်

82060311 510178509606443 8964852367556083712 n

နင့်စိတ်ဓာတ်ဘယ်လိုလဲဆိုတာ သိတဲ့သူတွေအကုန်သိတယ် အခုနင့်လုပ်ရပ်တွေက ဆိုးသည်ထက်ဆိုးလာလို့ အကြောင်းသိသူတွေက သက်သေလိုရင်အချိန်မရွေးခေါ်ဖို့ ပြောထားကြပြီးသား လူတကာကို သံစဉ်မောင် မကောင်းဘူးလိုက်ပြောနေတာ ဘယ်သူနဲ့တွဲတွဲ တွဲသမျှမိန်းကလေးတိုင်းကို ငါမကောင်းကြောင်းလိုက်ပြောနေတာ ငါမှာအသံဖိုင်တွေနဲ့ တရားရုံးမှာ ရှင်းမှာ နင်သမိုင်းကြောင်းနဲ့ နင်လုပ်ရပ်က အရမ်းဖြူစင်နေတယ်ပေါ့ ငါ့ကိုနင်$ရှက်လိုက်ခွဲနေတာ စကားရှုတ်ထားတာ သက်သေအချက်အလက်အားလုံးနဲ့ ငါရှင်းတော့မှာ ငါ့မိသားစု ငါ့အမနာမည်ဘေဘီမောင်ဆိုတာပါထည့်ပြီး နင်စော်ကားထားတာ ဒီတစ်ခါ ငါအထောက်အထားအားလုံးနဲ့ အဆုံးထိတက်မှာ လာစိန်မခေါ်နဲ့ ပါးရိုက်ရင်နားကိုက်တက်တယ်

80614002 3468436863228724 7593061000287354880 o

ငါနာမည်ပျက်မှာဆိုးလို့သည်းခံတာ ဆက်သည်းခံနေရင်နင်ကခွေးရူးတစ်ကောင်လိုလိုက်ကိုက်နေဦးမှာဆိုတော့ အဆုံးထိသွားကြတာပေါ့ တကယ်မိန်းမလိုမိန်းမရ အောက်တန်းစားကောင်နဲ့ပတ်သတ်မိတာ ဘဝရဲ့အကြီးမာဆုံးနောင်တပဲ” လို့ ရေးတင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ နေဒွေးရဲ့လူမဆန်တဲ့လုပ်ရပ်ကြောင့် များစွာအံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်ကို ညှင်းပန်းနှိပ်စက်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာ မရှိသင့်တဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နေဒွေးကိုမကောင်းတဲ့မှတ်ချက်တို့ပေးခဲ့ကာ သံစဉ်မောင်ကိုယ်တိုင်ကလည်း ဒီကိစ္စတွေ ထုတ်ဖော်ပြီးနောက်မှာတော့ပတ်သက်ပြီး တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့သိရပါတယ်။

Source : ThanZinMaung

Facebook Comments