6 6

ျမန္မာ့ ဇီးသီးနဲ႔ မန္က်ည္းသီး ထုတ္ကုန္ေတြ အေမရိကန္ ေဈးကြက္ကို ထိုးေဖာက္ဖို႔ ျပင္ဆင္

ျပည္တြင္း ထုတ္ကုန္စစ္စစ္ Jumjel ေဖ်ာ္ရည္ေတြ အေမရိကန္ ျပည္ေထာင္စုက Winternational ျပပြဲမွာ အေတာ္ေလး လူႀကိဳက္မ်ားခဲ႔ပါတယ္။ ႏုိင္ငံတြင္းမွာ ေပါေပါမ်ားမ်ားရၿပီး ေလလြင့္မႈလည္း မ်ားေနတဲ႔ ဇီးသီးနဲ႔ မက်ည္းသီးကို အေျခခံၿပီး ေဖ်ာ္ရည္ ကုန္ေခ်ာထုတ္ဖို႔ စိ္တ္ကူးကေန စခဲ႔တဲ႔ Jumjel က ႏုိင္ငံတကာ ေစ်းကြက္ကို ထိုးေဖာက္ႏုိင္ဖို႔ပါ ေျခလွမ္းေနတာပါ။Jumjel ေဖ်ာ္ရည္ေတြ ထုတ္ကုန္ေတြ အေမရိကန္ ျပည္ေထာင္စု Winternational ျပပြဲမွာ လာေရာက္ မိတ္ဆက္တဲ႔ Jum Jel ကုမၸဏီရဲ႕ ဒါရိုက္တာ မသက္စုေဌး နဲ႔ ေဆြးေႏြးေမးျမန္းၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

မသက္စုေဌး။ ။ သူတို႔က ဒီဘက္ ေစ်းကြက္က ဘာကိုႀကိဳက္လဲ ဆိုေတာ့ သူက လံုး၀ က်န္းမာေရးနဲ႔ ညီညြတ္တဲ႔ Healthy ျဖစ္ရမယ္ေပါ့ေနာ္။ က်န္းမာေရးနဲ႔ ညီညြတ္တာ ျဖစ္ရမယ္၊ တကယ့္ ေအာ္ဂဲနစ္ ျဖစ္ရမယ္ ေပါ့ေနာ္။ သူတို႔က ဒီဟာကိုဘဲ အေလးေပးၿပီး စဥ္းစားတယ္ေပါ့ေနာ္။

ကိုယ့္ပစၥည္းက တကယ္လည္း အပင္က အစေပါ့ေနာ္ ဇီးပင္က အစ လံုး၀ ေျမၾသဇာ ေၾကြး၊ ပိုးသတ္ေဆး ျဖန္းထားတာေတြ မရွိဘူးေပါ့။ တကယ္ကို ေအာ္ဂဲနစ္ အပင္ကေန ထုတ္ထားတဲ႔ ေဖ်ာ္ရည္ ျဖစ္တဲ႔ အတြက္ သူတို႔ လက္ခံတယ္။အဲဒီေနာက္မွာ သူတို႔ ဘာသြားေတြ႔လဲ ဆိုေတာ့ ယို ေလးေတြေပါ့ေနာ္။ အႏွစ္ ကေလးေတြ၊ ယိုေလးေတြကို Packaging ေလးေတြနဲ႔ အခု က်မဆီမွာ Sample ေတြ ၀ယ္ထားတာ ရွိပါတယ္။ သူတို႔ ႀကိဳက္တဲ႔ ထုပ္ပိုးမႈ ပံုစံမ်ိဳးေလးနဲ႔ ဒီဘက္ ေစ်းကြက္ကို ထိုးေဖာက္လို႔ ရတယ္ဆိုတာကို ျမင္လာတယ္ေပါ့ေနာ္။

ေနာက္ထပ္ တခုက စုတို႔ လက္ရွိ ထုတ္ေနၿပီး ဒီကို ပါမလာခဲ႔တဲ႔ ဇီးေတာ္ဖီ၊ မက်ည္းေတာ္ဖီေပါ့ေနာ္ အဲဒါေလးေတြ၊ ေနာက္ ဇီးဖလိပ္ မက်ည္း ဖလိပ္ေလးေတြလည္း သူတို႔ေတြ ႀကိဳက္ၾကတယ္ေပါ့ေနာ္။ ေမးၾကတယ္။တခ်ိဳ႕ကေတာ့ သူတို႔ ျမန္မာမွာ စားလာခဲ႔တဲ႔ ဖလိပ္ေလးေတြ ေပါ့ေနာ္ ဒီဟာကို ထုတ္ႏုိင္လားဆိုေတာ့ သူတို႔ အဲဒါေလးေတြလည္း ကမ္းလွမ္းတာေလးေတြ ရွိေတာ့ ဒါေလးေတြလည္း ဒီဘက္ ေစ်းကြက္ကို သြင္းရင္ ရႏုိင္တယ္ ဆိုတဲ႔ စိတ္ကူးလည္း ရလာတယ္ေပါ့ေနာ္။

မသိဂၤ ီထုိက္။ ။ Winternational ျပပြဲမွာ အေရြးခံရတဲ႔ အေၾကာင္းေလး ေျပာျပေပးပါရွင္။

မသက္စုေဌး။ ။ ဒီ ျမန္မာသံရံုးက ေနၿပီးေတာ့ ျမန္မာႏုိင္ငံမွာ တကယ္ ႀကိဳးစားၿပီး ျမန္မာ့ ထြက္ကုန္ေတြလည္း ျဖစ္ရမယ္၊ ႀကိဳးစားၿပီးေတာ့ ႏုိင္ငံတကာကို ထိုးေဖာက္ေနတဲ႔ လုပ္ငန္းမ်ိဳးေပါ့ေနာ္ အဲလို လုပ္ငန္းမ်ိဳးေတြကို သူတို႔က ဒီႏွစ္ကို ေရြးခ်ယ္မယ္ ေပါ့ေနာ္။ေရြးခ်ယ္မယ္ဆိုၿပီးေတာ့ ျမန္မာႏုိင္ငံကို ဆက္သြယ္လာတာပါရွင့္။ တျခား လုပ္ငန္းေတြ လုပ္ငန္းေတြ အကုန္လံုးကို သူတို႔က လိုက္ခ်ိတ္ၿပီးေတာ့မွ အဲဒီထဲကမွ လက္ရွိလည္း ဒီ ျမန္မာႏုိင္ငံမွာ ဆုေတြ ရထားတယ္ေပါ့ေနာ္၊ ၿပီးေတာ့ ျမန္မာ့ ထြက္ကုန္လည္း ျဖစ္မယ္၊ တကယ္ ႏုိင္ငံတကာကို ထိုးေဖာက္လို႔ ရမယ့္ ပစၥည္းမ်ိဳးလည္း ျဖစ္မယ္ေပါ့ေနာ္။ အဲဒီ အခ်က္ေတြနဲ႔ ေရြးၿပီးတဲ႔ အခါက်ေတာ့ ေခၚခဲ႔တာပါရွင့္။

မသိဂၤ ီထုိက္။ ။ အခု ျပပြဲမွာေရာ မသက္စုေဌးတို႔ရဲ႕ ေဖ်ာ္ရည္ကို လူေတြ ႀကိဳက္ၾကပါလား။ ျမည္းစမ္းၿပီးေတာ့ ေသာက္ၾကပါလား။

မသက္စုေဌး။ ။ အရမ္းကို ႀကိဳက္ပါတယ္ရွင့္။ စုလည္းေလ Feedback ကို အဲေလာက္ ေကာင္းလိမ့္မယ္လို႔ကို ေမွ်ာ္လင့္မထားဘူးေပါ့။ စုတို႔ ဒီမွာ Sample တိုက္တယ္။ ဒီဘက္က လူေတြက တကယ္ကို ေအာ္ဂဲနစ္ ျဖစ္တယ္၊ သန္႔လည္း သန္႔ရွင္းတယ္ေပါ့ေနာ္ အဲေတာ့ သူတို႔ ေသာက္ၾကည့္ၿပီးတဲ႔ အခါမွာ Feedback ေကာင္းေတြ အရမ္းလည္း ရပါတယ္။ ေမွ်ာ္လင့္ထားတဲ႔ ထက္ကို ရလဒ္ေကာင္းခဲ႔ပါတယ္ရွင့္။

မသိဂၤ ီထုိက္။ ။ ဒီ Jumjel က အမွာရတာမ်ိဳး၊ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ေနာက္ထပ္ ဆက္သြယ္ရမယ့္ ကုမၸဏီေတြ၊ စိတ္၀င္စားတဲ႔ ကုမၸဏီေတြ ရတာမ်ိဳးေရာ ရွိပါသလားရွင့္။

မသက္စုေဌး။ ။ ဟုတ္ကဲ႔ ရွိပါတယ္။ သူတို႔ကလည္း အခု စိတ္၀င္စားတယ္ေပါ့ေနာ္။ ဒီဘက္မွာ သူတို႔က။ စုတို႔က ဘူးေသးဘဲ ပါလာတာေပါ့ေနာ္။ သူတို႔က ဒီဘက္က ႀကိဳက္တဲ႔ ထုပ္ပိုးမႈ ပံုစံမ်ိဳး သူတို႔ ေျပာင္းလဲလို႔ ရႏုိင္မလားေပါ့ေနာ္။ ၿပီးေတာ့ ေနာက္ထပ္ တခုက စုတို႔ ဆီမွာေတာ့ ျမန္မာႏုိင္ငံက FDA ရၿပီးသြားၿပီေပါ့ေနာ္။

ဒီဘက္ကို ထပ္ၿပီး ထိုးေဖာက္ဖို႔ ဆိုရင္ ဒီႏိုင္ငံက FDA ေပါ့ေနာ္ အဲဒါေတြ ယူေပးႏုိင္မလား၊ လုပ္ေပးႏုိင္မလားလည္း သူတို႔ ေမးပါတယ္။ လက္ရွိလည္း လုပ္ေပးႏုိင္တဲ႔သူ ရွိေနတဲ႔ အခါက်ေတာ့ေလ ထုပ္ပိုးမႈ ပံုစံလည္း ဒီဘက္က လက္ခံတဲ႔ ဒီဇိုင္းမ်ိဳး ေျပာင္းေပးဖို႔လည္း သူတို႔က ေျပာပါတယ္ရွင့္။ကမ္းလွမ္းလာတာေတြလည္း ရွိပါတယ္ရွင့္။ စုတို႔ ဟိုဘက္မွာ ျပန္ၿပီးေတာ့ ဒီႏုိင္ငံ ေစ်းကြက္နဲ႔ ကိုက္ညီမယ့္ လီတာ ဘူးႀကီးေပါ့၊ ၿပီးေတာ့ ထုပ္ပိုးမႈ ဒီဇိုင္းေတြ အားလံုး ေျပာင္းၿပီး သူတို႔နဲ႔ ထပ္ၿပီး စကားေျပာပါမယ္ရွင့္။

မသိဂၤ ီထုိက္။ ။ ဒီလုပ္ငန္းက တပိုင္တႏုိင္ လုပ္ငန္းလား၊ ကုမၸဏီႀကီးနဲ႔ ထုတ္လုပ္ေနတဲ႔ လုပ္ငန္းလားရွင့္။

မသက္စုေဌး။ ။ ဒီ အညာေဒသက စေလဇီးသီးကေတာ့ အရင္ကတည္းက နာမည္ႀကီးၿပီးသားေပါ့ေနာ္။ စေလ ဇီးသီး မက်ည္းသီးေတြကို စုတို႔ဆီမွာ ဘယ္လို ျဖစ္လဲ ဆိုေတာ့ ၀တ္ဆံ ေပါ့ေနာ္ ၀တ္ဆံကို တရုတ္ျပည္ ပို႔ၿပီး ေရာင္းစားတယ္။ ဇီးဆန္ကိုက်ေတာ့ ခြဲျခမ္းလုပ္ၿပီး ေလာင္စာ အေနနဲ႔ဘဲ သံုးတယ္။ ဒီဟာကို Value Added လုပ္ၿပီး ျဖန္႔တာမ်ိဳး လုပ္ႏုိင္တာမ်ိဳး သိပ္မရွိဘူး။အဲဒါနဲ႔ ဒါကို မက်ည္းသီး၊ ဇီးသီးကို ကုန္ၾကမ္းလည္း အရမ္းေပါတယ္ေပါ့ေနာ္။ အဲဒီကေန ေဖ်ာ္ရည္ထုတ္ရင္ ေကာင္းမယ္ဆိုတဲ႔ စိတ္ကူးကို ေမေမကေန စလိုက္တာေပါ့ေနာ္။ အဲဒီကေန ေဖာ္ျမဴလာ စမ္းသပ္တာ ၄ ႏွစ္ ၾကာပါတယ္။ ၄ ႏွစ္ ၾကာၿပီးေတာ့ ၁၉၉၅ မွာ သက္စုစံ နာမည္နဲ႔ စထြက္တာ ေပါ့ေနာ္။ ၂၀၀၀ မွာ Jumjel ဆိုတဲ႔ နာမည္နဲ႔ စုတို႔ ေျပာင္းၿပီး ထုတ္ပါတယ္။

မသိဂၤ ီထုိက္။ ။ ဆိုေတာ့ ကုန္ၾကမ္းကေရာ ေသခ်ာေပါက္ ရွိပါသလား။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ျမန္မာႏုိင္ငံမွာက အမ်ားစုက စိုက္ပ်ိဳးေရး လုပ္ငန္းက ၿခံႀကီး အက်ယ္ႀကီးေတြနဲ႔ စီးပြားျဖစ္ တႏွစ္ တႏွစ္ ဘယ္ေလာက္ ဆိုၿပီး ပိုင္းျဖတ္ၿပီး လုပ္တာမ်ိဳး မဟုတ္ဘဲ တပိုင္တႏုိင္က မ်ားေတာ့ စိုက္ပ်ိဳးေရး ေပၚမွာ မွီခိုရတဲ႔ အခါေရာက္ေတာ့ စားေသာက္ကုန္ လုပ္ငန္းေတြမွာ ကုန္ၾကမ္းရဖို႔၊ လိုသေလာက္ ရဖို႔ အာမခံခ်က္ ေပါ့ေနာ္ အဲဒါ ရွိပါသလား။

မသက္စုေဌး။ ။ လိုသေလာက္ ရႏုိင္ပါတယ္ရွင့္။ ဘာလို႔လဲ ဆိုေတာ့ အခု ဇီးပင္ေတြ မက်ည္းပင္ေတြ ဆိုတာက စုတို႔ အညာေဒသေပါ့ေနာ္ စေလၿမိဳ႕ အနီးတ၀ိုက္ အကုန္လံုး၊ ေနာက္ မေကြးတိုင္း တတိုင္းလံုး၊ ၿပီးေတာ့ စစ္ကိုင္းတိုင္းေပါ့ေနာ္။မေကြးတိုင္း၊ စစ္ကိုင္းတိုင္း ဧရိယာေတြ ေတာ္ေတာ္မ်ားမ်ားမွာ ဇီးပင္က စိုက္ပ်ိဳးထားတဲ႔ အပင္မ်ိဳး မဟုတ္ဘဲ အေလ႔က် ေပါက္ပင္မ်ဳိးေပါ့ေနာ္။ အေလ႔က် ေပါက္ပင္မ်ိဳး ဆိုေတာ့ အရမ္းလည္း မ်ားတယ္။ စုတို႔က အခု ဇီးယိုေတြ ဘာေတြ ထုတ္တဲ႔ ဟာမ်ိဳး မဟုတ္တဲ႔ အခါက်ေတာ့ ဇီးကုန္ၾကမ္းက လိုသေလာက္ ရတယ္ေပါ့ေနာ္။

ဥပမာ ဇီးယိုထုတ္တဲ႔ ဇီးသီးကို လုပ္တာဆိုရင္ေတာ့ ဒီ အႏွစ္ပါတဲ႔ ဇီးသီးေတြေပါ့ေနာ္။ အဲလို ဆိုရင္ေတာ့ ကုန္ၾကမ္းပိုင္းမွာ စိုးရိမ္ရမယ္ေပါ့။ အခုေရာက္ေတာ့ အညာေဒသက ထြက္တဲ႔ အညာဇီးသီး ပံုစံမ်ိဳးေရာက္ေတာ့ အရမ္းလည္း ေပါတယ္၊ တိုင္း ၂ တိုင္းမွာ ထြက္သမွ် ဇီးသီးေတြကို စုတို႔ အခု ေဖ်ာ္ရည္စၿပီး လုပ္ျဖစ္ခဲ႔တာလည္း အဲဒီ ကုန္ၾကမ္းေတြကို Value Added လုပ္ၿပီး ျဖဳန္းႏုိင္မယ့္ဟာ မရွိလို႔ စတင္ခဲ႔တာ ဆိုေတာ့ အခု ထိလည္း လံုလံုေလာက္ေလာက္ ေပါေပါမ်ားမ်ား ရေနပါေသးတယ္ရွင့္။

မန္က်ည္းသီး ဆိုရင္လည္း ထိုင္းဘက္ကို Export ပို႔တယ္ေပါ့ေနာ္။ မန္က်ည္းသီး ဆိုတာလည္း ကိုယ့္ဘက္မွာ ဆိုရင္ မန္က်ည္းပင္ တပင္ တပင္ကို ႏွစ္ကို ရာနဲ႔ခ်ီ ေနတဲ႔ အပင္ႀကီးေတြလည္း အရမ္းမ်ားတယ္ေပါ့ေနာ္။ အဲေတာ့ ကုန္ၾကမ္းလည္း လံုလံုေလာက္ေလာက္ ရႏုိင္မယ္လို႔လည္း ယံုၾကည္ပါတယ္၊ ရွိလည္း ရွိေနပါတယ္။

VOA Burmese News

———————-

Unicode

မြန်မာ့ ဇီးသီးနဲ့ မန်ကျည်းသီး ထုတ်ကုန်တွေ အမေရိကန် ဈေးကွက်ကို ထိုးဖောက်ဖို့ ပြင်ဆင်

ပြည်တွင်း ထုတ်ကုန်စစ်စစ် Jumjel ဖျော်ရည်တွေ အမေရိကန် ပြည်ထောင်စုက Winternational ပြပွဲမှာ အတော်လေး လူကြိုက်များခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ပေါပေါများများရပြီး လေလွင့်မှုလည်း များနေတဲ့ ဇီးသီးနဲ့ မကျည်းသီးကို အခြေခံပြီး ဖျော်ရည် ကုန်ချောထုတ်ဖို့ စိ်တ်ကူးကနေ စခဲ့တဲ့ Jumjel က နိုင်ငံတကာ စျေးကွက်ကို ထိုးဖောက်နိုင်ဖို့ပါ ခြေလှမ်းနေတာပါ။Jumjel ဖျော်ရည်တွေ ထုတ်ကုန်တွေ အမေရိကန် ပြည်ထောင်စု Winternational ပြပွဲမှာ လာရောက် မိတ်ဆက်တဲ့ Jum Jel ကုမ္ပဏီရဲ့ ဒါရိုက်တာ မသက်စုဌေး နဲ့ ဆွေးနွေးမေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မသက်စုဌေး။ ။ သူတို့က ဒီဘက် စျေးကွက်က ဘာကိုကြိုက်လဲ ဆိုတော့ သူက လုံးဝ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy ဖြစ်ရမယ်ပေါ့နော်။ ကျန်းမာရေးနဲ့ ညီညွတ်တာ ဖြစ်ရမယ်၊ တကယ့် အော်ဂဲနစ် ဖြစ်ရမယ် ပေါ့နော်။ သူတို့က ဒီဟာကိုဘဲ အလေးပေးပြီး စဉ်းစားတယ်ပေါ့နော်။

ကိုယ့်ပစ္စည်းက တကယ်လည်း အပင်က အစပေါ့နော် ဇီးပင်က အစ လုံးဝ မြေသြဇာ ကြွေး၊ ပိုးသတ်ဆေး ဖြန်းထားတာတွေ မရှိဘူးပေါ့။ တကယ်ကို အော်ဂဲနစ် အပင်ကနေ ထုတ်ထားတဲ့ ဖျော်ရည် ဖြစ်တဲ့ အတွက် သူတို့ လက်ခံတယ်။အဲဒီနောက်မှာ သူတို့ ဘာသွားတွေ့လဲ ဆိုတော့ ယို လေးတွေပေါ့နော်။ အနှစ် ကလေးတွေ၊ ယိုလေးတွေကို Packaging လေးတွေနဲ့ အခု ကျမဆီမှာ Sample တွေ ဝယ်ထားတာ ရှိပါတယ်။ သူတို့ ကြိုက်တဲ့ ထုပ်ပိုးမှု ပုံစံမျိုးလေးနဲ့ ဒီဘက် စျေးကွက်ကို ထိုးဖောက်လို့ ရတယ်ဆိုတာကို မြင်လာတယ်ပေါ့နော်။

နောက်ထပ် တခုက စုတို့ လက်ရှိ ထုတ်နေပြီး ဒီကို ပါမလာခဲ့တဲ့ ဇီးတော်ဖီ၊ မကျည်းတော်ဖီပေါ့နော် အဲဒါလေးတွေ၊ နောက် ဇီးဖလိပ် မကျည်း ဖလိပ်လေးတွေလည်း သူတို့တွေ ကြိုက်ကြတယ်ပေါ့နော်။ မေးကြတယ်။တချို့ကတော့ သူတို့ မြန်မာမှာ စားလာခဲ့တဲ့ ဖလိပ်လေးတွေ ပေါ့နော် ဒီဟာကို ထုတ်နိုင်လားဆိုတော့ သူတို့ အဲဒါလေးတွေလည်း ကမ်းလှမ်းတာလေးတွေ ရှိတော့ ဒါလေးတွေလည်း ဒီဘက် စျေးကွက်ကို သွင်းရင် ရနိုင်တယ် ဆိုတဲ့ စိတ်ကူးလည်း ရလာတယ်ပေါ့နော်။

မသိင်္ဂ ီထိုက်။ ။ Winternational ပြပွဲမှာ အရွေးခံရတဲ့ အကြောင်းလေး ပြောပြပေးပါရှင်။

မသက်စုဌေး။ ။ ဒီ မြန်မာသံရုံးက နေပြီးတော့ မြန်မာနိုင်ငံမှာ တကယ် ကြိုးစားပြီး မြန်မာ့ ထွက်ကုန်တွေလည်း ဖြစ်ရမယ်၊ ကြိုးစားပြီးတော့ နိုင်ငံတကာကို ထိုးဖောက်နေတဲ့ လုပ်ငန်းမျိုးပေါ့နော် အဲလို လုပ်ငန်းမျိုးတွေကို သူတို့က ဒီနှစ်ကို ရွေးချယ်မယ် ပေါ့နော်။ရွေးချယ်မယ်ဆိုပြီးတော့ မြန်မာနိုင်ငံကို ဆက်သွယ်လာတာပါရှင့်။ တခြား လုပ်ငန်းတွေ လုပ်ငန်းတွေ အကုန်လုံးကို သူတို့က လိုက်ချိတ်ပြီးတော့မှ အဲဒီထဲကမှ လက်ရှိလည်း ဒီ မြန်မာနိုင်ငံမှာ ဆုတွေ ရထားတယ်ပေါ့နော်၊ ပြီးတော့ မြန်မာ့ ထွက်ကုန်လည်း ဖြစ်မယ်၊ တကယ် နိုင်ငံတကာကို ထိုးဖောက်လို့ ရမယ့် ပစ္စည်းမျိုးလည်း ဖြစ်မယ်ပေါ့နော်။ အဲဒီ အချက်တွေနဲ့ ရွေးပြီးတဲ့ အခါကျတော့ ခေါ်ခဲ့တာပါရှင့်။

မသိင်္ဂ ီထိုက်။ ။ အခု ပြပွဲမှာရော မသက်စုဌေးတို့ရဲ့ ဖျော်ရည်ကို လူတွေ ကြိုက်ကြပါလား။ မြည်းစမ်းပြီးတော့ သောက်ကြပါလား။

မသက်စုဌေး။ ။ အရမ်းကို ကြိုက်ပါတယ်ရှင့်။ စုလည်းလေ Feedback ကို အဲလောက် ကောင်းလိမ့်မယ်လို့ကို မျှော်လင့်မထားဘူးပေါ့။ စုတို့ ဒီမှာ Sample တိုက်တယ်။ ဒီဘက်က လူတွေက တကယ်ကို အော်ဂဲနစ် ဖြစ်တယ်၊ သန့်လည်း သန့်ရှင်းတယ်ပေါ့နော် အဲတော့ သူတို့ သောက်ကြည့်ပြီးတဲ့ အခါမှာ Feedback ကောင်းတွေ အရမ်းလည်း ရပါတယ်။ မျှော်လင့်ထားတဲ့ ထက်ကို ရလဒ်ကောင်းခဲ့ပါတယ်ရှင့်။

မသိင်္ဂ ီထိုက်။ ။ ဒီ Jumjel က အမှာရတာမျိုး၊ ဒါနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ဆက်သွယ်ရမယ့် ကုမ္ပဏီတွေ၊ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေ ရတာမျိုးရော ရှိပါသလားရှင့်။

မသက်စုဌေး။ ။ ဟုတ်ကဲ့ ရှိပါတယ်။ သူတို့ကလည်း အခု စိတ်ဝင်စားတယ်ပေါ့နော်။ ဒီဘက်မှာ သူတို့က။ စုတို့က ဘူးသေးဘဲ ပါလာတာပေါ့နော်။ သူတို့က ဒီဘက်က ကြိုက်တဲ့ ထုပ်ပိုးမှု ပုံစံမျိုး သူတို့ ပြောင်းလဲလို့ ရနိုင်မလားပေါ့နော်။ ပြီးတော့ နောက်ထပ် တခုက စုတို့ ဆီမှာတော့ မြန်မာနိုင်ငံက FDA ရပြီးသွားပြီပေါ့နော်။

ဒီဘက်ကို ထပ်ပြီး ထိုးဖောက်ဖို့ ဆိုရင် ဒီနိုင်ငံက FDA ပေါ့နော် အဲဒါတွေ ယူပေးနိုင်မလား၊ လုပ်ပေးနိုင်မလားလည်း သူတို့ မေးပါတယ်။ လက်ရှိလည်း လုပ်ပေးနိုင်တဲ့သူ ရှိနေတဲ့ အခါကျတော့လေ ထုပ်ပိုးမှု ပုံစံလည်း ဒီဘက်က လက်ခံတဲ့ ဒီဇိုင်းမျိုး ပြောင်းပေးဖို့လည်း သူတို့က ပြောပါတယ်ရှင့်။ကမ်းလှမ်းလာတာတွေလည်း ရှိပါတယ်ရှင့်။ စုတို့ ဟိုဘက်မှာ ပြန်ပြီးတော့ ဒီနိုင်ငံ စျေးကွက်နဲ့ ကိုက်ညီမယ့် လီတာ ဘူးကြီးပေါ့၊ ပြီးတော့ ထုပ်ပိုးမှု ဒီဇိုင်းတွေ အားလုံး ပြောင်းပြီး သူတို့နဲ့ ထပ်ပြီး စကားပြောပါမယ်ရှင့်။

မသိင်္ဂ ီထိုက်။ ။ ဒီလုပ်ငန်းက တပိုင်တနိုင် လုပ်ငန်းလား၊ ကုမ္ပဏီကြီးနဲ့ ထုတ်လုပ်နေတဲ့ လုပ်ငန်းလားရှင့်။

မသက်စုဌေး။ ။ ဒီ အညာဒေသက စလေဇီးသီးကတော့ အရင်ကတည်းက နာမည်ကြီးပြီးသားပေါ့နော်။ စလေ ဇီးသီး မကျည်းသီးတွေကို စုတို့ဆီမှာ ဘယ်လို ဖြစ်လဲ ဆိုတော့ ဝတ်ဆံ ပေါ့နော် ဝတ်ဆံကို တရုတ်ပြည် ပို့ပြီး ရောင်းစားတယ်။ ဇီးဆန်ကိုကျတော့ ခွဲခြမ်းလုပ်ပြီး လောင်စာ အနေနဲ့ဘဲ သုံးတယ်။ ဒီဟာကို Value Added လုပ်ပြီး ဖြန့်တာမျိုး လုပ်နိုင်တာမျိုး သိပ်မရှိဘူး။အဲဒါနဲ့ ဒါကို မကျည်းသီး၊ ဇီးသီးကို ကုန်ကြမ်းလည်း အရမ်းပေါတယ်ပေါ့နော်။ အဲဒီကနေ ဖျော်ရည်ထုတ်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးကို မေမေကနေ စလိုက်တာပေါ့နော်။ အဲဒီကနေ ဖော်မြူလာ စမ်းသပ်တာ ၄ နှစ် ကြာပါတယ်။ ၄ နှစ် ကြာပြီးတော့ ၁၉၉၅ မှာ သက်စုစံ နာမည်နဲ့ စထွက်တာ ပေါ့နော်။ ၂၀၀၀ မှာ Jumjel ဆိုတဲ့ နာမည်နဲ့ စုတို့ ပြောင်းပြီး ထုတ်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဆိုတော့ ကုန်ကြမ်းကရော သေချာပေါက် ရှိပါသလား။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာက အများစုက စိုက်ပျိုးရေး လုပ်ငန်းက ခြံကြီး အကျယ်ကြီးတွေနဲ့ စီးပွားဖြစ် တနှစ် တနှစ် ဘယ်လောက် ဆိုပြီး ပိုင်းဖြတ်ပြီး လုပ်တာမျိုး မဟုတ်ဘဲ တပိုင်တနိုင်က များတော့ စိုက်ပျိုးရေး ပေါ်မှာ မှီခိုရတဲ့ အခါရောက်တော့ စားသောက်ကုန် လုပ်ငန်းတွေမှာ ကုန်ကြမ်းရဖို့၊ လိုသလောက် ရဖို့ အာမခံချက် ပေါ့နော် အဲဒါ ရှိပါသလား။

မသက်စုဌေး။ ။ လိုသလောက် ရနိုင်ပါတယ်ရှင့်။ ဘာလို့လဲ ဆိုတော့ အခု ဇီးပင်တွေ မကျည်းပင်တွေ ဆိုတာက စုတို့ အညာဒေသပေါ့နော် စလေမြို့ အနီးတဝိုက် အကုန်လုံး၊ နောက် မကွေးတိုင်း တတိုင်းလုံး၊ ပြီးတော့ စစ်ကိုင်းတိုင်းပေါ့နော်။မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဧရိယာတွေ တော်တော်များများမှာ ဇီးပင်က စိုက်ပျိုးထားတဲ့ အပင်မျိုး မဟုတ်ဘဲ အလေ့ကျ ပေါက်ပင်မျိုးပေါ့နော်။ အလေ့ကျ ပေါက်ပင်မျိုး ဆိုတော့ အရမ်းလည်း များတယ်။ စုတို့က အခု ဇီးယိုတွေ ဘာတွေ ထုတ်တဲ့ ဟာမျိုး မဟုတ်တဲ့ အခါကျတော့ ဇီးကုန်ကြမ်းက လိုသလောက် ရတယ်ပေါ့နော်။

ဥပမာ ဇီးယိုထုတ်တဲ့ ဇီးသီးကို လုပ်တာဆိုရင်တော့ ဒီ အနှစ်ပါတဲ့ ဇီးသီးတွေပေါ့နော်။ အဲလို ဆိုရင်တော့ ကုန်ကြမ်းပိုင်းမှာ စိုးရိမ်ရမယ်ပေါ့။ အခုရောက်တော့ အညာဒေသက ထွက်တဲ့ အညာဇီးသီး ပုံစံမျိုးရောက်တော့ အရမ်းလည်း ပေါတယ်၊ တိုင်း ၂ တိုင်းမှာ ထွက်သမျှ ဇီးသီးတွေကို စုတို့ အခု ဖျော်ရည်စပြီး လုပ်ဖြစ်ခဲ့တာလည်း အဲဒီ ကုန်ကြမ်းတွေကို Value Added လုပ်ပြီး ဖြုန်းနိုင်မယ့်ဟာ မရှိလို့ စတင်ခဲ့တာ ဆိုတော့ အခု ထိလည်း လုံလုံလောက်လောက် ပေါပေါများများ ရနေပါသေးတယ်ရှင့်။

မန်ကျည်းသီး ဆိုရင်လည်း ထိုင်းဘက်ကို Export ပို့တယ်ပေါ့နော်။ မန်ကျည်းသီး ဆိုတာလည်း ကိုယ့်ဘက်မှာ ဆိုရင် မန်ကျည်းပင် တပင် တပင်ကို နှစ်ကို ရာနဲ့ချီ နေတဲ့ အပင်ကြီးတွေလည်း အရမ်းများတယ်ပေါ့နော်။ အဲတော့ ကုန်ကြမ်းလည်း လုံလုံလောက်လောက် ရနိုင်မယ်လို့လည်း ယုံကြည်ပါတယ်၊ ရှိလည်း ရှိနေပါတယ်။

VOA Burmese News

Facebook Comments