4 6

နဝမတန္းေအာင္ျမင္သူမ်ားကို ေန႔စားလေပး မူလတန္းျပဆရာ၊ဆရာမမ်ားလုပ္ရန္ ေခၚယူ…(တျခားသူမ်ားသိေအာင္ မွ်ေ၀ေပးပါအံုး)

ရွမ္းျပည္နယ္(ေျမာက္ ပိုင္း) မိုင္းဆတ္ခ႐ိုင္ မိုင္းတုံၿမိဳ႕ နယ္ရွိ အေျခခံ ပညာေက်ာင္းမ်ား တြင္ ဆရာ၊ ဆရာမလိုအပ္ခ်က္ ေၾကာင့္ အနိမ့္ဆုံး နဝမတန္း ေအာင္ျမင္ ထားသူမ်ားကို ေန႔စား လေပး မူလတန္းျပဆရာ၊ ဆရာမ အျဖစ္ ေခၚယူခန႔္ ထားရန္ ပညာ ေရးဝန္ႀကီး ဌာနက ခြင့္ျပဳခဲ့ ပါတယ္။

ဆရာ၊ ဆရာမ လိုအပ္ေသာ ေက်ာင္းတည္ ရွိရာ ေက်း႐ြာ၌ ေနထိုင္ သူမ်ား၊ ေက်း႐ြာ အုပ္စု ကိုက္ညီသူမ်ား၊ စက္တင္ဘာ ၃၀ ရက္တြင္ အသက္ (၃၅) ႏွစ္ထက္ မေက်ာ္လြန္ သူမ်ားသည္

ေန႔စား လေပး မူလတန္းျပဆရာ၊ ဆရာမ ေလွ်ာက္ထားႏိုင္ၿပီး အနိမ့္ဆုံး နဝမတန္းေအာင္ျမင္ရမည္ျဖစ္ သည္။ နဝမတန္းထက္ ပညာအ ရည္အခ်င္း ပိုျမင့္သူကို ဦးစားေပး ေခၚယူမည္ဟု မိုင္းတုံ ပညာေရး မႉး႐ုံးက ေၾကညာ ထားပါတယ္။

ပညာေရး ဝန္ႀကီးဌာနက ေန႔ စားလေပးဆရာ၊ ဆရာမခန႔္ထား မႈကို ၂၀၁၇-၁၈ ပညာသင္ႏွစ္ ကတည္းက ရပ္ဆိုင္းထားရာမွ ယခုႏွစ္တြင္ ျပန္လည္ေခၚယူရန္ စီစဥ္ၿပီး မိုင္းတုံၿမိဳ႕နယ္အတြက္ ပထမဆုံးေခၚယူျခင္းျဖစ္သည္။

ေန႔စားလေပး မူလတန္းျပ ရာထူး ေလွ်ာက္ထား သူမ်ားကို ေအာက္တိုဘာ ၇ ရက္တြင္ ေရး ေျဖ၊ ေအာက္တိုဘာ ၉ ရက္တြင္ ႏႈတ္ေျဖ စစ္ေဆးၿပီး ေအာင္ျမင္ သူမ်ားကို ေန႔စားလေပးမူလတန္း ျပအျဖစ္ အေျခခံပညာေက်ာင္း မ်ား၌ ခန႔္ထားမည္ ျဖစ္ပါတယ္။

လက္ရွိတြင္ အေျခခံပညာ ေက်ာင္းမ်ား၌ ဆရာ၊ ဆရာမ လိုအပ္ခ်က္ျမင့္တက္ေနၿပီး အ ေျခခံပညာ အတန္းအားလုံးကို ၂၀၂၂ တြင္ သင္႐ိုးသစ္ျဖင့္ ေျပာင္းလဲသင္ၾကားမည္ျဖစ္ရာ သင္႐ိုးသစ္အရ ထပ္တိုးလာမည့္

အတန္းမ်ားအတြက္ ဆရာ၊ ဆရာမထပ္မံ ခန႔္ထားရန္ လိုအပ္ ေနသည္ဟု အေျခခံပညာဦးစီး ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ဆိုပါ တယ္။

တကၠသိုလ္ဘြဲ႕ရကိုးေသာင္း ခန႔္ကို ပညာေရးဝန္ႀကီးဌာနက ေန႔စားလေပးမူလတန္းျပအျဖစ္ ၂၀၁၄ – ၁၅ ပညာသင္ႏွစ္မွ ၂၀၁၆-၁၇ ပညာသင္ႏွစ္ အထိ ခန႔္ထား ခဲ့သည္။

ေန႔စားလေပး မူလတန္းျပရာထူး ေနရာအတြက္ အသက္ (၄၀) ႏွစ္ႏွင့္ေအာက္ ပါရဂူဘြဲ႕ရမ်ား၊ အသက္ (၃၅) ႏွစ္ႏွင့္ေအာက္ မဟာဘြဲ႕ရမ်ား၊ အသက္ (၃၀) ႏွစ္ႏွင့္ေအာက္ ဝိဇၨာ၊ သိပၸံဘြဲ႕ရမ်ားကို ေရးေျဖ၊ ႏႈတ္ေျဖစစ္ေဆး၍ ခန႔္ထားခဲ့သည္။

၎တို႔ကိုေႏြရာသီ ေက်ာင္းပိတ္ရက္ မ်ားတြင္ ၿမိဳ႕နယ္အေျချပဳ ဆရာ အတတ္ပညာ သင္တန္းတိုမ်ားေပးၿပီး ေန႔စားလေပးမူလတန္းျပမွ ႏိုင္ငံ့ဝန္ထမ္း မူလတန္းျပ အျဖစ္ အတည္ျပဳခန ႔္ထားပါတယ္။

အရည္အေသြးျပည့္ဝေသာ ဆရာ၊ ဆရာမမ်ားကို ေလ့က်င့္ ၿပီးမွ အေျခခံပညာေက်ာင္းမ်ား တြင္ ခန႔္ထားမည္ဆိုကာ ၂၀၁၇-၁၈ ပညာသင္ႏွစ္ ကစ၍ ေန႔စား လေပး မူလတန္းျပခန ႔္ထားမႈကို ရပ္ဆိုင္း ခဲ့သည္။

သို႔ေသာ္ တိုင္း ရင္းသားေဒသမ်ားႏွင့္ ေဝးလံ ေခါင္ဖ်ာ းေဒသမ်ား၌ သက္ဆိုင္ ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရ အစီအစဥ္ျဖင့္ ေန႔စားလ ေပးခန႔္ထားမႈ ကို ခြင့္ျပဳခဲ့ ပါတယ္။

ခရက္ဒစ္

————————–

ယူနီကုတ္

နဝမတန်းအောင်မြင်သူများကို နေ့စားလပေး မူလတန်းပြဆရာ၊ဆရာမများလုပ်ရန် ခေါ်ယူ…(တခြားသူများသိအောင် မျှဝေပေးပါအုံး)

ရှမ်းပြည်နယ်(မြောက် ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့ နယ်ရှိ အခြေခံ ပညာကျောင်းများ တွင် ဆရာ၊ ဆရာမလိုအပ်ချက် ကြောင့် အနိမ့်ဆုံး နဝမတန်း အောင်မြင် ထားသူများကို နေ့စား လပေး မူလတန်းပြဆရာ၊ ဆရာမ အဖြစ် ခေါ်ယူခန့် ထားရန် ပညာ ရေးဝန်ကြီး ဌာနက ခွင့်ပြုခဲ့ ပါတယ်။

ဆရာ၊ ဆရာမ လိုအပ်သော ကျောင်းတည် ရှိရာ ကျေးရွာ၌ နေထိုင် သူများ၊ ကျေးရွာ အုပ်စု ကိုက်ညီသူများ၊ စက်တင်ဘာ ၃၀ ရက်တွင် အသက် (၃၅) နှစ်ထက် မကျော်လွန် သူများသည်

နေ့စား လပေး မူလတန်းပြဆရာ၊ ဆရာမ လျှောက်ထားနိုင်ပြီး အနိမ့်ဆုံး နဝမတန်းအောင်မြင်ရမည်ဖြစ် သည်။ နဝမတန်းထက် ပညာအ ရည်အချင်း ပိုမြင့်သူကို ဦးစားပေး ခေါ်ယူမည်ဟု မိုင်းတုံ ပညာရေး မှူးရုံးက ကြေညာ ထားပါတယ်။

ပညာရေး ဝန်ကြီးဌာနက နေ့ စားလပေးဆရာ၊ ဆရာမခန့်ထား မှုကို ၂၀၁၇-၁၈ ပညာသင်နှစ် ကတည်းက ရပ်ဆိုင်းထားရာမှ ယခုနှစ်တွင် ပြန်လည်ခေါ်ယူရန် စီစဉ်ပြီး မိုင်းတုံမြို့နယ်အတွက် ပထမဆုံးခေါ်ယူခြင်းဖြစ်သည်။

နေ့စားလပေး မူလတန်းပြ ရာထူး လျှောက်ထား သူများကို အောက်တိုဘာ ၇ ရက်တွင် ရေး ဖြေ၊ အောက်တိုဘာ ၉ ရက်တွင် နှုတ်ဖြေ စစ်ဆေးပြီး အောင်မြင် သူများကို နေ့စားလပေးမူလတန်း ပြအဖြစ် အခြေခံပညာကျောင်း များ၌ ခန့်ထားမည် ဖြစ်ပါတယ်။

လက်ရှိတွင် အခြေခံပညာ ကျောင်းများ၌ ဆရာ၊ ဆရာမ လိုအပ်ချက်မြင့်တက်နေပြီး အ ခြေခံပညာ အတန်းအားလုံးကို ၂၀၂၂ တွင် သင်ရိုးသစ်ဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ်ရာ သင်ရိုးသစ်အရ ထပ်တိုးလာမည့်

အတန်းများအတွက် ဆရာ၊ ဆရာမထပ်မံ ခန့်ထားရန် လိုအပ် နေသည်ဟု အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုပါ တယ်။

တက္ကသိုလ်ဘွဲ့ရကိုးသောင်း ခန့်ကို ပညာရေးဝန်ကြီးဌာနက နေ့စားလပေးမူလတန်းပြအဖြစ် ၂၀၁၄ – ၁၅ ပညာသင်နှစ်မှ ၂၀၁၆-၁၇ ပညာသင်နှစ် အထိ ခန့်ထား ခဲ့သည်။

နေ့စားလပေး မူလတန်းပြရာထူး နေရာအတွက် အသက် (၄၀) နှစ်နှင့်အောက် ပါရဂူဘွဲ့ရများ၊ အသက် (၃၅) နှစ်နှင့်အောက် မဟာဘွဲ့ရများ၊ အသက် (၃၀) နှစ်နှင့်အောက် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရများကို ရေးဖြေ၊ နှုတ်ဖြေစစ်ဆေး၍ ခန့်ထားခဲ့သည်။

၎င်းတို့ကိုနွေရာသီ ကျောင်းပိတ်ရက် များတွင် မြို့နယ်အခြေပြု ဆရာ အတတ်ပညာ သင်တန်းတိုများပေးပြီး နေ့စားလပေးမူလတန်းပြမှ နိုင်ငံ့ဝန်ထမ်း မူလတန်းပြ အဖြစ် အတည်ပြုခန့်ထားပါတယ်။

အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများကို လေ့ကျင့် ပြီးမှ အခြေခံပညာကျောင်းများ တွင် ခန့်ထားမည်ဆိုကာ ၂၀၁၇-၁၈ ပညာသင်နှစ် ကစ၍ နေ့စား လပေး မူလတန်းပြခန့်ထားမှုကို ရပ်ဆိုင်း ခဲ့သည်။

သို့သော် တိုင်း ရင်းသားဒေသများနှင့် ဝေးလံ ခေါင်ဖျာ းဒေသများ၌ သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အစီအစဉ်ဖြင့် နေ့စားလ ပေးခန့်ထားမှု ကို ခွင့်ပြုခဲ့ ပါတယ်။

Facebook Comments