2 7

တ႐ုတ္နိုင္ငံက ေၾကာက္စရာ ဗိုင္းရပ္တစ္မ်ိဳး ပ်ံ႕ႏွံ့လာလို႔ ျမန္မာအပါအဝင္ တစ္ကမၻာလုံးကို သတိေပးၿပီ

တ႐ုတ္နိုင္ငံမွာ ထူးဆန္းတဲ့ ဗိုင္းရပ္စ္တစ္ခု ျဖစ္ပြားေနပါတယ္….စတင္ျဖစ္ပြားခဲ့တာကေတာ့ တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕ကျဖစ္ၿပီး ဒီဇင္ဘာလအတြင္းက စတင္ျဖစ္ပြားခဲ့တာပါ….. အဆိုပါ ဗိုင္းရပ္စ္ကူးသူ လူနာထဲက ၁ ဦးမွာလည္း အဆုတ္ေရာင္ၿပီး ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္…

3 7

လက္ရွိအခ်ိန္မွာေတာ့ လူလူခ်င္းကူးတဲ့ သက္ေသေတြကို ေတြ႕လာရၿပီးေနာက္ ကမၻာတစ္ဝန္းျပန႔္ႏွံ့နိုင္ေျခရွိေနတာေၾကာင့္ ကမၻာ့က်န္းမာေရးအဖြဲ႕ ျဖစ္တဲ့ WHO ကေနၿပီး တစ္ကမၻာလုံးက ေဆး႐ုံေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္ထားဖို႔ အသိေပးလိုက္ပါၿပီ…

2 23

လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္နိုင္ငံမွာ ၄၁ ဦးအထိ အဆိုပါ ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရၿပီး ထိုင္းနိုင္ငံကို လာလည္တဲ့ အသက္ ၆၁ ႏွစ္ရွိ တ႐ုတ္နိုင္ငံသူ တစ္ဦးမွာ ဗိုင္းရပ္စ္ကူးခံေနရတာကို ေလဆိပ္မွာ စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္…. လက္ရွိအခ်ိန္မွာေတာ့ အဆိုပါ အမ်ိဳးသမီးဟာ က်န္းမာေရး ျပန္ေကာင္းလာၿပီလို႔ သိရပါတယ္….

1 28

အဆိုပါ ထူးဆန္းတဲ့ ဗိုင္းရပ္စ္ကို WHO ကလည္း ေစာင့္ၾကည့္ေနၿပီး ျပန႔္ႏွံ့လာနိုင္လို႔ ျပင္ဆင္ထားၾကဖို႔ ခုလိုသတိေပးခ်က္ထုတ္ျပန္ခဲ့တယ္လို႔ Maria Van Kerkhove ကေျပာၾကားခဲ့ပါတယ္…

ဒါေၾကာင့္ နိုင္ငံျဖတ္ေက်ာ္ၿပီး အဆိုပါ ဗိုင္းရပ္စ္ကူးမလာဖို႔အတြက္ ျမန္မာနိုင္ငံကေလဆိပ္ေတြမွာလည္း တ႐ုတ္နိုင္ငံက ဝင္ထြက္သြားလာသူေတြကို က်န္းမာေရးေစာင့္ၾကည့္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္…..

Writer – HW (Shwe Yaung Lan)

Source : Daily Mail

————————

UNICODE

တရုတ်နိုင်ငံက ကြောက်စရာ ဗိုင်းရပ်တစ်မျိုး ပျံ့နှံ့လာလို့ မြန်မာအပါအဝင် တစ်ကမ္ဘာလုံးကို သတိပေးပြီ

တရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်ခု ဖြစ်ပွားနေပါတယ်….စတင်ဖြစ်ပွားခဲ့တာကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့ကဖြစ်ပြီး ဒီဇင်ဘာလအတွင်းက စတင်ဖြစ်ပွားခဲ့တာပါ….. အဆိုပါ ဗိုင်းရပ်စ်ကူးသူ လူနာထဲက ၁ ဦးမှာလည်း အဆုတ်ရောင်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်…

လက်ရှိအချိန်မှာတော့ လူလူချင်းကူးတဲ့ သက်သေတွေကို တွေ့လာရပြီးနောက် ကမ္ဘာတစ်ဝန်းပြန့်နှံ့နိုင်ခြေရှိနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖြစ်တဲ့ WHO ကနေပြီး တစ်ကမ္ဘာလုံးက ဆေးရုံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ အသိပေးလိုက်ပါပြီ…

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ ၄၁ ဦးအထိ အဆိုပါ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး ထိုင်းနိုင်ငံကို လာလည်တဲ့ အသက် ၆၁ နှစ်ရှိ တရုတ်နိုင်ငံသူ တစ်ဦးမှာ ဗိုင်းရပ်စ်ကူးခံနေရတာကို လေဆိပ်မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်…. လက်ရှိအချိန်မှာတော့ အဆိုပါ အမျိုးသမီးဟာ ကျန်းမာရေး ပြန်ကောင်းလာပြီလို့ သိရပါတယ်….

အဆိုပါ ထူးဆန်းတဲ့ ဗိုင်းရပ်စ်ကို WHO ကလည်း စောင့်ကြည့်နေပြီး ပြန့်နှံ့လာနိုင်လို့ ပြင်ဆင်ထားကြဖို့ ခုလိုသတိပေးချက်ထုတ်ပြန်ခဲ့တယ်လို့ Maria Van Kerkhove ကပြောကြားခဲ့ပါတယ်…

ဒါကြောင့် နိုင်ငံဖြတ်ကျော်ပြီး အဆိုပါ ဗိုင်းရပ်စ်ကူးမလာဖို့အတွက် မြန်မာနိုင်ငံကလေဆိပ်တွေမှာလည်း တရုတ်နိုင်ငံက ဝင်ထွက်သွားလာသူတွေကို ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်…..

Writer – HW (Shwe Yaung Lan)

Source : Daily Mail

Facebook Comments