9 4

သူမ သီခ်င္းကို ျပန္လည္သီဆိုထားတဲ့ မသန္စြမ္းသူ အမႀကီးအေပၚခံစားခ်က္ကို ေျပာဆိုလိုက္တဲ့ ခ်ယ္ရီသင္း

ရိသတ္ႀကီးေရ အခ်စ္ဟာ လိုက္လို႔ေျပးတာလား ေျပးလို႔လိုက္တာလား ဆိုတဲ့ သီခ်င္းစာသားေလးနဲ႔ ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္ ဆိုတဲ့ ေတးသံရွင္ခ်ယ္ရီသင္းရဲ့ သီခ်င္းဟာ တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ ပရိသတ္ေတြအားေပးၾကမ္းခဲ့တယ္ဆိုတာ သိၿပီးျဖစ္မွာပါေနာ္ ။

tik tok မွာလည္း ဒီသီခ်င္းေလးနဲ႔ေဆာ့ၾကတဲ့ ပရိသတ္ေတြ အမ်ားအျပားရွိခဲ့တဲ့အတြက္ ေတာ္ေတာ္ေလး ေပါက္ခဲ့တဲ့ သီခ်င္းေလးလို႔ ဆိုရမွာပါ ။ လတ္တေလာမွာလည္း သတိထား ဆိုတဲ့ သီခ်င္းထြက္ထားၿပီး လူငယ္ပရိသတ္ေတြ အႀကိဳက္ေတြ႕ေနတဲ့ သီခ်င္းေလးလို႔ ဆိုရမွာပါပဲ ။

လက္ရွိအြန္လိုင္းမွာ နာမည္ႀကီးေနတာကေတာ့ သူမရဲ့ ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္ သီခ်င္းေလးကို မသန္စြမ္းအဖြဲ႕က သီဆိုထားတဲ့ ဗီဒီယိုဖိုင္ေလးပဲ ျဖစ္ပါတယ္ ။ အသံအရမ္းေကာင္းတဲ့ မသန္စြမ္းသူ ကို ပရိသတ္ေတြခ်ီးက်ဴးေနၾကသလို ခ်ယ္ရီသင္းကလည္း အသံကာလာကၾကည္ရွင္းၿပီး ေတာ္ေတာ္ေကာင္းတဲ့အသံပိုင္ရွင္လို႔မွတ္ခ်က္ေပးခဲ့ပါတယ္ ။

နားေထာင္ေနရင္းနဲ႔အၿပီးထိေတာင္ နားမေထာင္ဘဲ အရမ္းႀကိဳက္လို႔ခ်က္ခ်င္းရွဲလိုက္တယ္လို႔လည္း ခ်ယ္ရီသင္းက ေျပာျပလာခဲ့ပါတယ္ ။ ခ်ယ္ရီသင္းရဲ့ သူငယ္ခ်င္းေတြက နင့္ထက္ အသံေကာင္းေနတာ မနာလိုဘူးလားလို႔ စၾက ေပမယ့္ ခ်ယ္ ကေတာ့ လူသားဆန္စြာပဲေတြးၿပီး ေကာင္းတဲ့အရာတစ္ခုကို ခ်ီးမြမ္းေပးတာ ေကာင္းတဲ့အရာပဲလို႔ သူမရဲ့ရိုးရွင္းတဲ့ စိတ္ထားေလးကိုလဲ ဖြင့္ဟေျပာျပခဲ့ပါတယ္ ။

သီခ်င္းဆိုၿပီး ပိုက္ဆံေတာင္းေနရတဲ့ မသန္စြမ္းသူေတြအတြက္လည္း သူမသီခ်င္းေလးေၾကာင့္ သူတို႔ဝမ္းေရးေျပလည္ရင္ ေက်နပ္တယ္လို႔ခ်ယ္ရီသင္းက ဆိုပါတယ္ ။ အဲဒီသီခ်င္းဆိုတဲ့ အစ္မကိုလည္း သြားေတြ႕ၿပီး သီခ်င္းေတြ အတူတူ ဆိုဖို႔ရွိတယ္လို႔လည္း ခ်ယ္ရီသင္းက ေျပာျပခဲ့ပါေသးတယ္ ။

တခ်ိဳ႕ေတြက အသံက ေကာင္းလိုက္တာ ႐ုပ္နဲ႔ေတာင္မလိုက္ဘူးလို႔ ေျပာေနၾကတာကိုေတာ့ ခ်ယ္ရီသင္းက မႀကိဳက္လို႔ ခ်ီးက်ဴးရင္လည္း အဆုံးထိ ခ်ီးက်ဴးေပးေစခ်င္တယ္လို႔ သူမခံစားခ်က္ေတြကို ဖြင့္ဟခဲ့ပါတယ္ ။

ခရစ္ဒစ္ cele connections

————————

UNICODE

သူမ သီချင်းကို ပြန်လည်သီဆိုထားတဲ့ မသန်စွမ်းသူ အမကြီးအပေါ်ခံစားချက်ကို ပြောဆိုလိုက်တဲ့ ချယ်ရီသင်း

ရိသတ်ကြီးရေ အချစ်ဟာ လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား ဆိုတဲ့ သီချင်းစာသားလေးနဲ့ ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် ဆိုတဲ့ တေးသံရှင်ချယ်ရီသင်းရဲ့ သီချင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်တွေအားပေးကြမ်းခဲ့တယ်ဆိုတာ သိပြီးဖြစ်မှာပါနော် ။

tik tok မှာလည်း ဒီသီချင်းလေးနဲ့ဆော့ကြတဲ့ ပရိသတ်တွေ အများအပြားရှိခဲ့တဲ့အတွက် တော်တော်လေး ပေါက်ခဲ့တဲ့ သီချင်းလေးလို့ ဆိုရမှာပါ ။ လတ်တလောမှာလည်း သတိထား ဆိုတဲ့ သီချင်းထွက်ထားပြီး လူငယ်ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ သီချင်းလေးလို့ ဆိုရမှာပါပဲ ။

လက်ရှိအွန်လိုင်းမှာ နာမည်ကြီးနေတာကတော့ သူမရဲ့ ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် သီချင်းလေးကို မသန်စွမ်းအဖွဲ့က သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ် ။ အသံအရမ်းကောင်းတဲ့ မသန်စွမ်းသူ ကို ပရိသတ်တွေချီးကျူးနေကြသလို ချယ်ရီသင်းကလည်း အသံကာလာကကြည်ရှင်းပြီး တော်တော်ကောင်းတဲ့အသံပိုင်ရှင်လို့မှတ်ချက်ပေးခဲ့ပါတယ် ။

နားထောင်နေရင်းနဲ့အပြီးထိတောင် နားမထောင်ဘဲ အရမ်းကြိုက်လို့ချက်ချင်းရှဲလိုက်တယ်လို့လည်း ချယ်ရီသင်းက ပြောပြလာခဲ့ပါတယ် ။ ချယ်ရီသင်းရဲ့ သူငယ်ချင်းတွေက နင့်ထက် အသံကောင်းနေတာ မနာလိုဘူးလားလို့ စကြ ပေမယ့် ချယ် ကတော့ လူသားဆန်စွာပဲတွေးပြီး ကောင်းတဲ့အရာတစ်ခုကို ချီးမွမ်းပေးတာ ကောင်းတဲ့အရာပဲလို့ သူမရဲ့ရိုးရှင်းတဲ့ စိတ်ထားလေးကိုလဲ ဖွင့်ဟပြောပြခဲ့ပါတယ် ။

သီချင်းဆိုပြီး ပိုက်ဆံတောင်းနေရတဲ့ မသန်စွမ်းသူတွေအတွက်လည်း သူမသီချင်းလေးကြောင့် သူတို့ဝမ်းရေးပြေလည်ရင် ကျေနပ်တယ်လို့ချယ်ရီသင်းက ဆိုပါတယ် ။ အဲဒီသီချင်းဆိုတဲ့ အစ်မကိုလည်း သွားတွေ့ပြီး သီချင်းတွေ အတူတူ ဆိုဖို့ရှိတယ်လို့လည်း ချယ်ရီသင်းက ပြောပြခဲ့ပါသေးတယ် ။

တချို့တွေက အသံက ကောင်းလိုက်တာ ရုပ်နဲ့တောင်မလိုက်ဘူးလို့ ပြောနေကြတာကိုတော့ ချယ်ရီသင်းက မကြိုက်လို့ ချီးကျူးရင်လည်း အဆုံးထိ ချီးကျူးပေးစေချင်တယ်လို့ သူမခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ် ။

ခရစ်ဒစ် cele connections

Facebook Comments