9 5

ဘယ်ယောကျာ်းကိုမှအားကိုးမှာမဟုတ်တဲ့ အာဂမိန်းကလေးတွေရဲ့ လက္ခဏာများ…

စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတွေဆိုတာ ဘယ်တော့မှ တစ်ယောက်တည်းဖြစ်နေမှာကို တွေးပြီးကြောက်နေတတ်တဲ့သူတွေ မဟုတ်ပါဘူး။ ကိုယ်နဲ့အဆင်မပြေတဲ့သူနဲ့ စိတ်ပင်ပန်းစွာ အချိန်ကုန်နေမယ့်အစား တစ်ယောက်တည်းအေးအေးဆေးဆေး စိတ်ကြိုက်လွတ်လပ်နေချင်တဲ့သူဖြစ်ပါတယ်။ ဒီလိုမိန်းကလေးတွေဟာ ဘယ်လိုလူပဲဖြစ်ဖြစ် ဆိုပြီး တွဲလိုက်မယ့်သူတွေလုံးဝမဟုတ်သလို၊ တစ်သက်လုံး အပျိုကြီးစြဖ်သွားလည်း အေးဆေးပါပဲ။ သူတို့စိတ်ကြိုက်လူနဲ့ မဆုံမချင်း Single အဖြစ်နဲ့ပဲနေသွားမယ့် အာဂမိန်းကလေးတွေရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်

(၁) ယောက်ျားတွေမရှိလည်း ပြီးပြည့်စုံတယ်

စိတ်ဓာတ်ကြံ့ခိုင်ပြီး အစွမ်းအစရှိတဲ့မိန်းကလေးတွေဆိုတာ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းဖို့၊ ပြီးပြည့်စုံတဲ့ဘဝကို ရရှိဖို့အတွက် ဘေးနားမှာရှိနေပေးမယ့် ယောကျာ်းတစ်ယောက်ကို မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်တည်းလည်း ပျော်ပျော်ရွှင်ရွှင်ပြီးပြည့်စုံစွာ ဖြတ်သန်းနိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ကောင်းကောင်းသိပါတယ်။ ဒီလိုမိန်းကလေးတွေဟာ သူတို့ကို ပျော်ရွှင်စေမယ့် ယောက်ျားလေး၊ သူတို့ရဲ့ပြသနာတွေကို ဖြေရှင်းပေးနိုငမယ့် ယောက်ျားလေးမျိုးကို တကူးတကလိုက်ရှာနေမယ့်သူတွေတော့မဟုတ်ပါဘူး။ သူ့ဘဝထဲကို မဝင်လာတဲ့ယောက်ျားကို အတင်းသွားချဉ်းကပ်ဖို့လည်း စိတ်ကူးမရှိပါဘူး

(၂) ဘာလိုချင်လဲကောင်းကောင်းသိတယ်

စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးတွေ၊ အရည်အချင်းရှိတဲ့မိန်းကလေးတွေဟာ အရမ်းလိုက်ရခက်တယ်၊ လွယ်လွယ်ချဉ်းကပ်လို့မရဘူးလို့ တော်တော်များများက ထင်တတ်ကြပါတယ်။ ဒါပေမယ့်တကယ်ကတော့ သူတို့တွေဟာ သူတို့အဆင့်အတန်းကို အင်မတန်ထိန်းတဲ့သူတွေဖြစ်တာကြောင့် မာနကြီးတယ်လို့ထင်ရတာပါ။ ဒီလိုမိန်းကလေးတွေဟာ သူတို့ဘယ်လိုလူမျိုးကို လိုချင်တယ်၊ ဘယ်လိုရအောင်ယူမလဲဆိုတာကောင်းကောင်းသိပါတယ်။ ယောက်ျားတစ်ယောက်ကို သူတို့ဖက်က စပြီးချဉ်းကပ်တယ်ဆိုရင်တောင် အဲ့ဒီ့ယောက်ျားဆီက ရစရာတစ်ခုခုကို မျှော်ကိုးတာမျိုး လုံးဝမဟုတ်ပါဘူး။

(၃) ကိုယ့်တန်ဖိုးကိုယ်သိတယ်

အရည်အချင်းရှိတဲ့မိန်းကလေးတွေဆိုတာ ကိုယ့်တန်ဖိုးကိုယ်ကောင်းကောင်းသိတဲ့သူတွေပါ။ ဒါကြောင့်ပဲ သူတို့ကို တကယ်ချစ်တဲ့၊ တကယ်တန်ဖိုးထားတဲ့သူတွေကိုပဲ လက်ခံဖို့ ဆုံးဖြတ်ထားတဲ့သူတွေဖြစ်ပါတယ်။ သူမရဲ့အရည်အချင်း၊ အစွမ်းအစကို ကောင်းမွန်စွာသိပြီး သူမသာတစ်စုံတစ်ယောက်ရဲ့ချစ်သူဖြစ်ခဲ့ရင် ချစ်သူအတွက် အကောင်းဆုံးသောအရာတွေကို လုပ်ပေးနိုင်မယ့်သူမျိုးဆိုတာ သူ့ကိုသူကောင်းကောင်းသိပါတယ်။ ဒါကြောင့်သူမရဲ့တန်ဖိုးကိုနားမလည်တဲ့သူမျိုး၊ အလေးအနက်မထားတဲ့သူမျိုး၊ ပေါ့ပျက်ပျက်သဘောထားတဲ့သူမျိုးကို လုံးဝ စိတ်ဝင်စားမှာမဟုတ်ပါဘူး

(၄) Single ဘဝရဲ့အနှစ်သာရကိုသိဖူးသွားပြီ

လူတွေဟာ အကြာကြီး Single ဘဝနဲ့နေတဲ့ မိန်းကလေးတွေကို တွေ့တဲ့အခါမှာ သူ့ကို ကြိုက်တဲ့သူမရှိလို့၊ သူ့မှာရွေးချယ်ရမယ့်သူတစ်ယောက်မှ မရှိလို့လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာလုံးဝမဟုတ်ပါဘူး။ အရည်အချင်းရှိတဲ့မိန်းကလေးတွေဟာ Single ဘဝမှာ အရမ်းကို ပျော်ရွှင်ကြလို့သာ Single အဖြစ်နဲ့နေကြတာဖြစ်ပါတယ်။ Single ဖြစ်လို့ အထီးကျန်တာတွေ၊ ဝမ်းနည်းတာတွေ၊ သူများအတွဲတွေကို အားကျတာမျိုးဖြစ်နေမယ့်လို့ လုံးဝမထင်လိုက်ပါနဲ့။ လိုချင်ရင် လိုချင်တဲ့အချိန် ချက်ချင်းရတယ်၊ ဒါပေမယ့် သူတို့ကိုယ်တိုင် Single ဘဝမှာ ပျော်နေလို့ Single အဖြစ်နေနေတာဖြစ်ပါတယ်

(၅) ယောက်ျားတွေအကြောင်းကောင်းကောင်းသိတယ်

Single ဘဝကို ရွေးချယ်လိုက်တဲ့ မိန်းကလေးတော်တော်များများဟာ ယောကျာ်းလေးတွေရဲ့ အကြောင်းကို ကောင်းကောင်းသိနေပြီးသားသူတွေဖြစ်ပါတယ်။ သူတို့ဘဝမှာ မကောင်းတဲ့ယောကျာ်းတွေကြောင့် အကြိမ်ကြိမ်နာကျင်ခဲ့ရပြီးပြီမို့ ယောက်ျားတွေကို စိတ်ကုန်သွားတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူ့ကိုမှ မချစ်နိုင်တော့တာတော့မဟုတ်ပါဘူး။ ယောက်ျားတိုင်းကို လွယ်လွယ်နဲ့လက်မခံချင်တော့တာသာ ဖြစ်ပါတယ်။

credit

Em Em

Facebook Comments