2 10

ကျန်းမာစွာကိုယ်အလေးချိန်တိုးပြီး ခန္ဓာကိုယ်ပြည့်လာစေဖို့ စားပေးသင့်တဲ့အစားအစာများ

မကျန်းမာတဲ့ အစားအသောက်တွေနဲ့ ၀ိတ်တတ်စေတာကတော့ ကျန်းမားရေးကိုထိခိုက်စေတဲ့အပြင် ခန္ဓာကိုယ့်ထဲ အဆီပိုတွေဖြစ်လာစေပါတယ်။ ကျန်းမာတဲ့နည်းတွေနဲ့ ကယ်လိုရီများများပါတဲ့ အစားအသောက်တွေကို စားပေးခြင်းက ကျန်းမာစွာ ၀ိတ်တတ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ပိန်တဲ့သူတွေ စားပေးသင့်တဲ့ ကျန်းမာစွာဝိတ်တတ်လာနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

Untitled 1 Recovered 12 696x378 1

(၁) ကယ်လိုရီများများစားပါ

ပုံမှန်စားနေကျ ကယ်လိုရီပမာဏထက် ကယ်လိုရီ ၅၀၀ လောက် ပိုစားပေးပါ။ စားတဲ့အခါမှာလည်း ကယ်လိုရီအများဆုံးပါဝင်တဲ့အစာတွေကိုသာ ရွေးချယ်ပါ။ ဥပမာ ချိစ် ၊ မြေပဲစေ့ တို့ကို နေ့စဉ်အစားအစာထဲမှာထည့်စားပေးရင်း ကယ်လိုရီတွေကို မြင့်အောင်လုပ်ပေးပါ။ အာဟာရမဖြစ်စေတဲ့ ကယ်လိုရီတွေကို မစားပါနဲ့။

naumenkooleksandra

(၂) ပရိုတင်းပါတာ စားပေးပါ

ဝိတ်တတ်လာဖို့အရေးကြီးဆုံးလုပ်ပေးရမှာကတော့ အသားဓာတ်လို့ အားလုံးသိထားကြတဲ့ ပရိုတင်းအစားအစာတွေကိုစားပေးဖို့ဖြစ်ပါတယ်။ ကြွက်သားတွေဟာ ပရိုတင်းနဲ့တည်ဆောက်ထားတာဖြစ်ပြီး ပရိုတင်းက အဆီဖြစ်မယ့်အစား ကြွက်သားဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။ ပရိုတင်းပြည့်ဝတဲ့အစားအစာတွေကတော့ အနီရောင်အသား၊ ငါး၊ နို့ထွက်ပစ္စည်း စတာတွေဖြစ်ပါတယ်။

freepik 10

(၃) ကာဗွန်ဟိုက်ဒရိုက်နဲ့ အဆီပါတဲ့ အစားအစာကိုစားပေးပါ

ကာဗွန်ဟိုက်ဒရိုက်နဲ့ ကျန်းမာတဲ့အဆီပါတဲ့ အစားအစာကိုစားပေးတာက ကျန်းကျန်းမာမာနဲ့ ၀ိတ်တတ်လာစေပါတယ်။ ကာဗွန်ဟိုက်ဒရိုက်က အားအင် နဲ့ ကျန်းမာတဲ့ အဆီတွေကို ထောက်ပံ့ပေးပါတယ်။ ကာဗွန်ဟိုက်ဒရိုက်နဲ့ အဆီပါတဲ့ အစားအစာတွေကတော့ ထမင်း ၊ မလိုင်ပြည့် ဒိန်ချဉ် ၊ ချိစ် ၊ ထောပတ်သီး ၊ အုန်းဆီ ၊ ကြက်ဥ နဲ့ နေကြာစေ့တို့ဖြစ်ပါတယ်။

@Racool studio

(၄) ကိုယ့်လက်လေ့ကျင့်ခန်းလုပ်ပေးပါ

Gym မှာဝိတ်မတာဖြစ်ဖြစ် ၊ အားကစားတစ်မျိုးမျိုးကို ဆော့တာဖြစ်ဖြစ် ခန္ဓာကိုယ့်ဖွံဖြိုးလာအောင်လုပ်ပေးပါ။ အဆီဖြစ်စေတဲ့ ကယ်လိုရီအပိုတွေကို ရှောင်ပေးပါ။ တစ်ပတ်ကို (၄-၅) ကြိမ် အနည်းဆုံး Gym သွားပေးပါ။ ၀ိတ်တတ်ချင်သူတွေအတွက် Cardio က ကယ်လိုရီတွေကိုလောင်ကျွမ်းစေတာကြောင့် Cardio မဆော့ပါနဲ့။

Facebook Comments