13 9 696x434

ရာသီေသြးအမ်ိဳးအစားကေနသိႏိုင္တဲ့ သင့္ရဲ႕က်န္းမာေရးအေျခအေန …

အမ်ိဳးသမီးမ်ား မဖတ္အားေသးရင္ သိမ္းထားပါ.. လုံးဝေတာ့ေက်ာ္မသြားပါနဲ႔

အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးၾကတဲ့အခါ အမ်ားစုက ဓမၼတာလာတဲ့ ကိစၥကို ပြင့္ပြင့္လင္းလင္းမေျပာတတ္ၾကပါဘူး။

ဒါေပမဲ့ အမ်ိဳးသမီးေတြအေနနဲ႔ ရာသီေသြးအေျခအေန တစ္ခုခုထူးျခားတာနဲ႔ ကုိယ့္ရဲ႕ က်န္းမာေရးမွာလည္းသက္ေရာက္မႈရွိေနတယ္ဆိုတာကို သတိျပဳ ဆင္ျခင္ဖို႔လိုပါတယ္။

ဒါေၾကာင့္ ရာသီေသြးဆင္းတာဟာရွက္စရာမဟုတ္သလို ရာသီေသြးအမ်ိဳးအစား အလိုက္သိႏိုင္တဲ့က်န္းမာေရးအေျခအေနေတြအေၾကာင္း ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလုိက္ပါတယ္ …။

ပန္းေရာင္သမ္းေနရင္ …

ရာသီေသြးဟာပံုမွန္ဆင္းေနက်အေရာင္ထက္ ေသြးအေရာင္ေဖ်ာ့ၿပီး ပန္းေရာင္ဘက္သမ္းေနတယ္ ဆိုရင္ခႏၶာကိုယ္ထဲမွာ အမေဟာ္မုန္းနည္းလြန္းေန တယ္ဆိုတဲ့လကၡဏာပါပဲ

အဲဒီလို ရာသီေသြးပန္းေရာင္သမ္းတာဟာ မၾကာခဏျဖစ္တယ္၊ ေသြးအေရာင္ဟာသိသိသာသာေဖ်ာ့လာတယ္ ဆိုရင္အရိုးပြေရာဂါျဖစ္ႏိုင္ေျခရွိလာႏိုင္တယ္ဆိုတာကို သတိျပဳရမွာျဖစ္ပါတယ္ …။

ရာသီေသြးက်ဲလြန္းရင္ …

ေသြးအေရာင္ေဖ်ာ့လြန္းၿပီး ရာသီေသြးဟာခပ္က်ဲက်ဲျဖစ္ေနမယ္ဆိုရင္အာဟာရမမွ်တဘူးဆိုတဲ့လက ၡဏာျဖစ္ၿပီး သားအိမ္ကင္ဆာျဖစ္ပြားႏိုင္ေျခရွိလို႔ စိုးရိမ္ရတဲ့အေျခအေနျဖစ္ပါတယ္ ။

ဒါေပမဲ့ အရမ္းႀကီး လည္းစိတ္မပူပါနဲ႔၊ သားအိမ္ျပြန္ကင္ဆာ၊သားအိမ္ကင္ဆာဟာ တျခားသားဖြားမီးယပ္ကင္ ဆာေရာဂါေတြထက္စာရင္ ျဖစ္ပြားႏိုင္ေျခ ၂ ရာခိုင္ႏႈန္းေလာက္ပဲရွိပါတယ္ …။

ဒါေၾကာင့္ ဒီလိုအေျခ အေနမ်ိဳးမွာ သားဖြားမီးယပ္ဆရာဝန္နဲ႔ေသခ်ာျပသၿပီး ကာကြယ္ထားႏိုင္ပါတယ္ ။

အညိဳရင့္ေရာင္ေျပာင္းေနရင္ …

ရာသီေသြးအေရာင္က အညိဳရင့္ေရာင္ျဖစ္ေနတာဟာ လစဥ္ဓမၼတာလာတဲ့အခါ ေသြးကုန္ေအာင္ မဆင္းဘဲသားအိမ္ထဲမွာ အခ်ိန္ၾကာျမင့္စြာက်န္ေနျခင္းေၾကာင့္ျဖစ္ပါတယ္

ဒီအေျခအေနဟာ က်န္းမာေရးအတြက္ ဘာမွသိသိသာသာထိခိုက္မႈမရွိေပမယ့္ အရက္ေသာက္လြန္းတဲ့အမ်ိဳးသားေတြ …

ေဆးလိပ္အလြန္အကၽြံေသာက္လြန္းတဲ့အမ်ိဳးသားေတြ ေခၽြးထြက္ရင္ အရက္နံ႔၊ ေဆးလိပ္နံ႔နံသလိုမ်ိဳး ရာသီေသြးက်န္တဲ့အမ်ိဳးသမီးေတြလည္းအနံ႔အသက္မေကာင္းတဲ့ကိုယ္န႔ံ၊ ေခၽြးနံ႔ေတြထြက္တတ္လို႔ သတိထားသင့္ပါတယ္ …။

အနီရင့္ေရာင္အညစ္အေၾကးေတြပါလာရင္ …

ဒီအေျခအေနကေတာ့ ခႏၶာကိုယ္ထဲမွာ မေဟာ္မုန္းျမင့္ေနတဲ့လကၡဏာပဲျဖစ္ပါတယ္တခါတေလ သားအိမ္ထဲမွာ ရာသီေသြးက်န္တဲ့အခ်ိန္မွာလည္းဒီလိုေတြ႕ရတတ္ပါတယ္ …။

ဒါအျပင္ ေဟာ္မုန္းမညီမွ်ရင္ လည္း အဲဒီလိုအညစ္အေၾကးေတြပါလာတတ္ပါတယ္။

ဒါေပမဲ့ စိုးရိမ္ရတဲ့အေျခအေနေတာ့ မဟုတ္ပါဘူး ။

ဘယ္ရီသီးရဲ႕အနီေရာင္လိုျဖစ္ေနရင္ …

ဒီအေရာင္ကေတာ့ သင့္အေနနဲ႔ က်န္းမာေရးေကာင္းတဲ့လကၡဏာပါပဲ …

ဒါေပမဲ့ တစ္ေယာက္နဲ႔ တစ္ေယာက္ က်န္းမာေရးေကာင္းတဲ့အေျခအေနက မတူႏိုင္တဲ့အတြက္ သားဖြားမီးယပ္ဆရာဝန္နဲ႔ပံုမွန္ စစ္ေဆးမႈျပဳလုပ္သင့္ပါတယ္

မီးခိုးေရာင္နဲ႔အနီေရာင္ေရာေနရင္ …

ဒီအေရာင္ဟာ အေျခအေနႏွစ္မ်ိဳးေၾကာင့္ျဖစ္ႏုိင္ပါတယ္

ပထမတစ္ခ်က္က သင္ဟာကိုယ္ဝန္ေဆာင္ မိခင္မဟုတ္ဘဲ ဒီလိုအေရာင္မ်ိဳးရာသီေသြးဆင္းရင္ STD/STIဆိုတဲ့လိင္နဲ႔ပတ္သက္တဲ့ေရာ ဂါပိုးကူးစက္ႏိုင္ေျခရွိေနတဲ့လကၡဏာျဖစ္ပါတယ္ …။

ေနာက္တစ္ခ်က္ကေတာ့ ကိုယ္ဝန္နဲ႔ပတ္သက္ၿပီး က်န္းမာေရးအေျခအေနတစ္ခုခုလြဲေခ်ာ္ေနျခင္းပဲျဖစ္ပါတယ္ ။

ဒါေၾကာင့္ သက္ဆိုင္ရာဆရာဝန္နဲ႔ အျမန္ဆံုးျပသသင့္ပါတယ္။

လိေမၼာ္ေရာင္သမ္းေနရင္ …

ရာသီေသြးလိေမၼာ္ေရာင္သမ္းတာရွားေတာ့ရွားတယ္၊ ဒါေပမဲ့ ရာသီေသြးလိေမၼာ္ေရာင္သမ္းၿပီဆို ရင္ေတာ့ စိုးရိမ္ရတဲ့အေျခအေနမွာရွိေနပါတယ္ …။

STD/STIေရာဂါပိုးကူးစက္ခံေနရတဲ့လကၡဏာပဲျဖစ္ ပါတယ္။ ဒါေၾကာင့္မေပါ့ဆသင့္ဘဲ သက္ဆိုင္ရာေဆးရံု၊ ေဆးခန္းမွာအျမန္ဆံုးသြားေရာက္ ကုသ သင့္ပါတယ္ ။

Credit : Original

Unicode

——————————

အမျိုးသမီးများ မဖတ်အားသေးရင် သိမ်းထားပါ.. လုံးဝတော့ကျော်မသွားပါနဲ့

ရာသီသွေးအမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေအမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ အများစုက ဓမ္မတာလာတဲ့ ကိစ္စကို ပွင့်ပွင့်လင်းလင်းမပြောတတ်ကြပါဘူး

ဒါပေမဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီသွေးအခြေအနေ တစ်ခုခုထူးခြားတာနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးမှာလည်းသက်ရောက်မှုရှိနေတယ်ဆိုတာကို သတိပြု ဆင်ခြင်ဖို့လိုပါတယ် ။

ဒါကြောင့် ရာသီသွေးဆင်းတာဟာရှက်စရာမဟုတ်သလို ရာသီသွေးအမျိုးအစား အလိုက်သိနိုင်တဲ့ကျန်းမာရေးအခြေအနေတွေအကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် …။

ပန်းရောင်သမ်းနေရင် …

ရာသီသွေးဟာပုံမှန်ဆင်းနေကျအရောင်ထက် သွေးအရောင်ဖျော့ပြီး ပန်းရောင်ဘက်သမ်းနေတယ် ဆိုရင်ခန္ဓာကိုယ်ထဲမှာ အမဟော်မုန်းနည်းလွန်းနေ တယ်ဆိုတဲ့လက္ခဏာပါပဲ …။

အဲဒီလို ရာသီသွေးပန်းရောင်သမ်းတာဟာ မကြာခဏဖြစ်တယ်၊ သွေးအရောင်ဟာသိသိသာသာဖျော့လာတယ် ဆိုရင်အရိုးပွရောဂါဖြစ်နိုင်ခြေရှိလာနိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ် ။

ရာသီသွေးကျဲလွန်းရင် …

သွေးအရောင်ဖျော့လွန်းပြီး ရာသီသွေးဟာခပ်ကျဲကျဲဖြစ်နေမယ်ဆိုရင်အာဟာရမမျှတဘူးဆိုတဲ့လက ္ခဏာဖြစ်ပြီး သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေရှိလို့ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ် ။

ဒါပေမဲ့ အရမ်းကြီး လည်းစိတ်မပူပါနဲ့၊ သားအိမ်ပြွန်ကင်ဆာ၊သားအိမ်ကင်ဆာဟာ တခြားသားဖွားမီးယပ်ကင် ဆာရောဂါတွေထက်စာရင် ဖြစ်ပွားနိုင်ခြေ ၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ် ။

ဒါကြောင့် ဒီလိုအခြေ အနေမျိုးမှာ သားဖွားမီးယပ်ဆရာဝန်နဲ့သေချာပြသပြီး ကာကွယ်ထားနိုင်ပါတယ် …။

အညိုရင့်ရောင်ပြောင်းနေရင် …

ရာသီသွေးအရောင်က အညိုရင့်ရောင်ဖြစ်နေတာဟာ လစဉ်ဓမ္မတာလာတဲ့အခါ သွေးကုန်အောင် မဆင်းဘဲသားအိမ်ထဲမှာ အချိန်ကြာမြင့်စွာကျန်နေခြင်းကြောင့်ဖြစ်ပါတယ် …။

ဒီအခြေအနေဟာ ကျန်းမာရေးအတွက် ဘာမှသိသိသာသာထိခိုက်မှုမရှိပေမယ့် အရက်သောက်လွန်းတဲ့အမျိုးသားတွေ

ဆေးလိပ်အလွန်အကျွံသောက်လွန်းတဲ့အမျိုးသားတွေ ချွေးထွက်ရင် အရက်နံ့၊ ဆေးလိပ်နံ့နံသလိုမျိုး ရာသီသွေးကျန်တဲ့အမျိုးသမီးတွေလည်း

အနံ့အသက်မကောင်းတဲ့ကိုယ်နံ့၊ ချွေးနံ့တွေထွက်တတ်လို့ သတိထားသင့်ပါတယ်

အနီရင့်ရောင်အညစ်အကြေးတွေပါလာရင် …

ဒီအခြေအနေကတော့ ခန္ဓာကိုယ်ထဲမှာ မဟော်မုန်းမြင့်နေတဲ့လက္ခဏာပဲဖြစ်ပါတယ်တခါတလေ သားအိမ်ထဲမှာ ရာသီသွေးကျန်တဲ့အချိန်မှာလည်းဒီလိုတွေ့ရတတ်ပါတယ် …။

ဒါအပြင် ဟော်မုန်းမညီမျှရင် လည်း အဲဒီလိုအညစ်အကြေးတွေပါလာတတ်ပါတယ်ဒါပေမဲ့ စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ပါဘူး …။

ဘယ်ရီသီးရဲ့အနီရောင်လိုဖြစ်နေရင် …

ဒီအရောင်ကတော့ သင့်အနေနဲ့ ကျန်းမာရေးကောင်းတဲ့လက္ခဏာပါပဲ

ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျန်းမာရေးကောင်းတဲ့အခြေအနေက မတူနိုင်တဲ့အတွက် သားဖွားမီးယပ်ဆရာဝန်နဲ့ပုံမှန် စစ်ဆေးမှုပြုလုပ်သင့်ပါတယ် …။

မီးခိုးရောင်နဲ့အနီရောင်ရောနေရင် …

ဒီအရောင်ဟာ အခြေအနေနှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်

ပထမတစ်ချက်က သင်ဟာကိုယ်ဝန်ဆောင် မိခင်မဟုတ်ဘဲ ဒီလိုအရောင်မျိုးရာသီသွေးဆင်းရင် STD/STIဆိုတဲ့လိင်နဲ့ပတ်သက်တဲ့ရော ဂါပိုးကူးစက်နိုင်ခြေရှိနေတဲ့လက္ခဏာဖြစ်ပါတယ် ။

နောက်တစ်ချက်ကတော့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ကျန်းမာရေးအခြေအနေတစ်ခုခုလွဲချော်နေခြင်းပဲဖြစ်ပါတယ် ။

ဒါကြောင့် သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ် …။

လိမ္မော်ရောင်သမ်းနေရင် …

ရာသီသွေးလိမ္မော်ရောင်သမ်းတာရှားတော့ရှားတယ်၊ ဒါပေမဲ့ ရာသီသွေးလိမ္မော်ရောင်သမ်းပြီဆို ရင်တော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ် ။

STD/STIရောဂါပိုးကူးစက်ခံနေရတဲ့လက္ခဏာပဲဖြစ် ပါတယ်။ ဒါကြောင့်မပေါ့ဆသင့်ဘဲ သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းမှာအမြန်ဆုံးသွားရောက် ကုသ သင့်ပါတယ် …။

Credit : Original

Facebook Comments